Unicode
ထိုလူဟာ ကျေနပ်သွားပုံပေါ်ပြီး လျှို့ရွှီရဲ့လည်ပင်းကိုလွှတ်လိုက်တယ် "မင်းငါ့ကိုမလိမ်တာပိုကောင်းမယ်"
"ကျွန်မ မလုပ်ရဲပါဘူး…"လျှို့ရွှီကနူးညံ့စွာပြောလိုက်တယ်ထိုလူဟာ သူမရဲ့မေးစေ့ကိုပင့်ကာ နူးညံ့သောပုံစံဖြင့်နမ်းလိုက်လေတယ် သူလွှတ်လိုက်တဲ့အခါ လျှို့ရွှီရဲ့မျက်နှာက နီမြန်းနေပြီဖြစ်တယ်
ထိုသူဟာ သိမ်မွေ့သောအရိပ်အယောင်ဖြင့်သူမကိုကြည့်လိုက်တယ်"မင်းငါ့အတွက်ဒါကိုလုပ်ပြီးတာနဲ့ငါမင်းကိုလက်ထပ်မယ်" ထိုလူသည်လျှို့ရွှီအားလျစ်လျူရှုပြီး သူမကိုကြွေပုလင်းတစ်လုံးပေးခဲ့တယ် "နေကောင်းအောင်နေ..ငါ့ကိုစိတ်မချမ်းသာစေမယ့် ဘယ်အရာကိုမှမလုပ်ပါနဲ့"
လျှို့ရွှီက သူ့ဆီကပုလင်းကိုယူလိုက်တယ်
"ဟုတ်ကဲ့"ထိုလူဟာ မကြာမီထွက်သွားတယ်
လျှို့ရွှီဟာလည်း ကြွေပုလင်းကိုယူပြီး ခနလောက်အကြာမှာ ထွက်သွားတယ်
ရှီရှန်းဟာ မူလဇာတ်ကြောင်းမှာ လျှို့ရွှီဟာ ဖူယိယွင်ကို အဆိပ်ခတ်ခဲ့မှန်းသတိရသွားတယ်။ ဒါကဝတ္ထုရဲ့အထွတ်အထိပ်ဖြစ်ခဲ့တယ်။
ထိုအဆိပ်ဟာ အလွန်အစွမ်းထက်ပြီး ဖြေဆေးမရှိပါ။ ပိုင်လော့ဟာ သူမရဲ့သွေးကိုလဲလှယ်လိုက်တာကြောင့်သာ သူ အသက်ရှင်ကျန်ရစ်ခဲ့တာဖြစ်တယ်၊ သို့ပေမယ့် ရလဒ်ကတော့ သူမရဲ့အသွင်သဏ္ဍာန်ကိုရုပ်ဆိုးသွားစေခဲ့တာပဲ
ဒီလို၀တ္ထုတွေမှာ သွေးအမျိုးအစားများကိုထည့်သွင်းစဉ်းစားစရာမလိုဘူးလေ
ရှီရှန်းပိုသိချင်သောအရာက သူတို့သွေးဖလှယ်ကြပုံသာဖြစ်တယ်ရှီရှန်း က ဖူယိယွင်လည်းဒီမှာရှိနေတာကိုတွေ့ခဲ့ရတယ်။ လျှို့ရွှီကဘာမှမဖြစ်ခဲ့သလိုပဲဟန်ဆောင်ပြီးသူ့ဘက်ကိုပြန်လာပြီးသူနဲ့အရမ်းရင်းနှီးနေပုံရတယ်။
ရှီရှန်းရပ်နေတဲ့နေရာက အလွန်ဝေးလွန်းတာကြောင့် သူတို့ဘာပြောနေမှန်း မကြားရဘူး
ခေါင်းဆောင်များဟာ တိတောင်ကုန်း နှင့်အနီးဆုံးနေရာတွင်ရပ်နေကြပြီး သူတို့အသံများက အတော်လေး တိုးညှင်းတာကြောင့် အတွင်းစိတ်စွမ်းအင်ကိုအသုံးပြုနားထောင်ရင်တောင် ကြားနိုင်မှာမဟုတ်ဘူး
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....