Unicode
ရှီရှန်းက ေချာင်ဖူကို အနီးအနားမှာ အိမ်တစ်လုံးဝယ်ပေးတယ် ဖိအားတွေစိတ်ဖိစီးမှုတွေကို တစ်လအတွင်းရအောင်ဖျောက်ပြီးတဲ့အခါမှာ ချောင်ဖူကတော့ လုပ်ငန်းအသစ်ကို စလုပ်ဖို့စိတ်လှုပ်ရှားနေတယ်
ချင်ကောရဲ့ ကုမ္ပဏီကလည်းတည်တည်ငြိမ်ငြိမ်ပဲ စက်ရုပ်တွေကိုလည်း နှစ်နှစ်အတွင်းမှာ စျေးကွက်ကို ဖြန့်နိုင်ခဲ့တယ်
ပြီးတော့ဇာတ်လိုက်မက နိုင်ငံပြန်ရောက်နေပြီ
ချောင်ချန်းချန်းလည်း ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်လုပ်ဖို့ အစီအစဥ်ဆွဲမိတယ် ဒါပေမဲ့ချောင်မူက သူမအဖေချန်ထားတဲ့ ကုမ္ပဏီက အရှုပ်တွေရှင်းပေးဖို့အကူအညီတောင်းတယ်
ဒါကြောင့်သူမ သဘောတူလိုက်ရတယ်
ကုမ္ပဏီက ဘယ်လောက်ပဲသေးနေပါစေ ဒါကကုမ္ပဏီဖြစ်နေတုန်းပဲ ချောင်ချန်းချန်းရဲ့ ရုတ်တရပ်ပေါ်လာတာရယ်, အရင်ဘောစ့်ရဲ့ သမီးဖြစ်နေတာတွေကြောင့် အများစုက သူမကိုလက်မခံချင်ကြဘူး
ရလဒ်အနေနဲ့ချောင်ချန်းချန်းက သူမအလုပ်တွေကို တစ်ယောက်တည်းရုန်းရတယ်
အရမ်းလည်း ပင်ပန်းနေပြီ သူမချောင်မူရဲ့ တောင်းဆိုချက်ကို လက်ခံမိတာကိုပါ နောင်တရလာတယ်အကယ်၍ သူမသာကုမ္ပဏီ အကြီးကြီးမှာ အလုပ်ဝင်ခဲ့မယ်ဆိုရင် ဒီလောက်ရုန်းကန်နေရမှာမဟုတ်ဘူး
သူမကရုံးကညပြဿနာတွေကို ကိုယ်တိုင်ပဲဆွေးနွေးရတယ် မိန်းကလေးတွေဖြစ်တာနဲ့ သူတို့ကအခုလို အခွင့်ရေးယူလေ့ရှိတယ်
''ချောင်သူဌေး, လာလာ! သောက်စမ်းပါ! ဒီနေ့ အလုပ်အကြောင်းမပြောဘဲနေကြရအောင်"
ချောင်ချန်းချန်းက သူမအစာအိမ်ရဲ့ နာကျင်မှုကိုဖိနှိပ်ပြီးတော့ သူတို့ပေးတဲ့အရက်ကို လက်ခံလိုက်တယ်
တစ်စုံတစ်ယောက်က သူမကို မျက်နှာလုပ်ဖို့ကြံစည်တယ် ဒါပေမယ့် သူမငြင်းလိုက်ပြီး သန့်စင်ခန့းသွားဦးမယ် လို့ပါပြောတယ်
သူမမိတ်ကပ်ကို ပြန်ပြင်လိုက်တယ် ပြီးတော့အသက်ပြင်းပြင်းရှူပြီးထွက်လာတယ်
BẠN ĐANG ĐỌC
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....