Unicode
အစတုန်းကတော့ ရှီရှန်းက သူမလူတွေကို သွမ့်ချင်းယွင်ကို သတ်ခိုင်းမလို့ပဲ ဒါပေမယ့် အဲ့လိုမလုပ်ခင် မင်းသမီးနဉ်က စစ်တပ်ကိုဦးဆောင်ပြီးရောက်လာတယ်
နေရာက ဓားပြအဖွဲ့တစ်ဖွဲ့ရဲ့ အခြေစိုက်စခန်းဖြစ်တဲ့ တောင်တစ်တောင်မှာဖြစ်တယ်
ဓားပြတွေအကုန်လုံးအသတ်ခံထားရပြီး အလောင်းတွေပြန့်ကျဲနေတယ်
ကျန့်ဇီက စခန်းထဲကို ဝင်လာခဲ့တယ်
သိုက်ယွဲ့ကလည်း အများကြီးစောရောက်နေတာမဟုတ်လို့ သူမလူတွေကို သွမ့်ချင်းယွင်ကို ခေါ်ထုတ်လာဖို့ အမိန့်ပေးနေတုန်းပဲ ရှိသေးတယ်
ကျန့်ဇီက သတိမေ့နေတဲ့ သွမ့်ချင်းယွင်ကို ကြည့်တောင်မကြည့်လေဘဲ ပိတ်ဖြူစနဲ့အုပ်ထားတဲ့ အလောင်းကိုသာ အာရုံစိုက်နေတယ်
သူမက ပိတ်ဖြူစကို တုန်ယင်စွာဖယ်ချလိုက်ပြီး အလောင်းရဲ့မျက်နှာကိုကြည့်လိုက်တယ်
တကယ်တမ်းတော့ အဲ့ဒီအမျိုးသားငယ်က အသက်ရှိစဉ်တုန်းက အတော်လေး ချောမောတဲ့သူပဲ အခုတော့ အဝတ်တစ်စတောင် ကပ်မနေဘဲ မျက်နှာအပါအဝင် ကိုယ်အနှံ့မှာ ပွန်းပဲ့ရာတွေနဲ့ ညိုမည်းနေတယ်
သိုက်ယွဲ့က သတိမေ့နေတဲ့ သွမ့်ချင်းယွင်ကိုလှမ်းကြည့်လိုက်တယ် 'သူမအရှေ့မှာ သွမ့်ချင်းယွင်ကို သတ်လိုက်ရင် မင်းသမီးနဉ်က ငါ့ကိုပြဿနာရှာလောက်လား.. လောလောဆယ် မလှုပ်ရှားတာပဲ ကောင်းမယ်ထင်တယ် မင်းသမီးနဉ်က သူမနဲ့အတူ စစ်တပ်ကိုပါခေါ်လာတာ ..အမတ်ချုပ်ဆီခေါ်သွားတာပဲကောင်းမယ်..အမတ်ချုပ်က မင်းသမီးနဉ်ကို ကိုင်တွယ်နိုင်ပေမယ့် ငါကတော့ မကိုင်တွယ်နိုင်ဘူး..'
"မင်းသမီးနဉ်ရောက်လာပြီဆိုတော့ အလောင်းကိုလက်လွှဲပေးခဲ့ပါမယ်.." သိုက်ယွဲ့က သူမနောက်လိုက်တွေကို လက်ပြလိုက်ပြီး သတိမေ့နေတဲ့ သွမ့်ချင်းယွင်ကို ခေါ်ကာ ထွက်သွားဖို့ပြင်တယ်
ဓားပြတွေကို ကိုင်တွယ်ရမှာက အမတ်ချုပ်ရဲ့ တာဝန်မဟုတ်ဘူး
"ရပ်လိုက်.." ကျန့်ဇီက အက်ရှရှလေသံနဲ့ပြောလိုက်တယ်
"အခြားဘာကိစ္စများရှိသေးလဲ မသိဘူး.." သိုက်ယွဲ့က မနှိမ့်ချသလို မထောင်လွှားလွန်းတဲ့ အမူအရာနဲ့ ပြောလိုက်တယ်
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....