Unicode
ချင်ရှင်းက သံသယများလာတယ် ရှက်လာတယ် သိက္ခာကျလာတယ် စိတ်ပျက်လာတယ် သူမစိတ်ထဲခံစားချက်ပေါင်းစုံပြည့်နေတယ် ရှီရှန်းကတော့ခတ်ထန်စွာ သူမကို ကားထဲတွန်းပစ်လိုက်တယ်ပြီးတော့ တံခါးကို ဆောင့်ပိတ်လိုက်တယ်
"အခုချိန်ထိ အသိစိတ်မဝင်ရင် ရှင့်ကို ကျွန်မသတ်ပစ်မယ်"
"နင်လုပ်ရဲလား"
'သူမက လူသတ်ရတာအေးဆေ.းလို့ပြောနေတာပဲ'
" စမ်းကြည့်မလား"
ရှီရှန်းက ပြုံးပြတယ်
"ကျွန်မအသိစိတ်လွတ်သွားမှာပဲ စိုးရိမ်တယ် ဘေဘီလေး ကျွန်မကို လာမစနဲ့"
ချင်ရှင်းက ရှီရှန်းဆီမှာ ဘာအမှားတစ်ခုမှ မလုပ်ထားဘူး သူမကြိုက်တဲ့သူကို ရအောင်ယူချင်တာပဲ ရှိတယ် ပြီးတော့ အချစ်ပြိုင်ပွဲမှာ အားနည်းချက်ထုတ်ပြမိတဲ့သူက အရှုံးပဲလေ
ချင်ရှင်းရဲ့ နောက်ကျောတစ်ခုလုံးက ချွေးတွေစိုရွှဲနေတာပဲ ပြတင်းပေါက်ကနေကြည့်ရင် အပြင်မှာရှိနေတဲ့မိန်းကလေးက မကောင်းဆိုးဝါးအငွေ့အသက်တွေနဲ့ပြည့်နေသလိုပဲ
သူမမျက်လုံးတွေက.....
ရှုပ်ထွေးမှု မရှိဘဲ တည်ငြိမ်နေတယ်
ဒီအကြည့်တွေရဲ့ပိုင်ရှင်က သူမကို ကျောက်တုံးတစ်ခုလိုပဲ သဘောထားနေသလို ခံစားနေရတယ်
မထီမဲ့မြင်ပြုခြင်း ဒေါသထွက်ခြင်း ရှုံချခြင်း ဒါတွေအားလုံးပေါင်းနေတဲ့ လူတစ်ယောက်ကိုမြင်ရဖို့ဆိုတာ အတော်လေးခက်ခဲတယ်
ချင်ရှင်းက တုန်လှုပ်သွားပြီး သူမစိတ်ကိုတည်ငြိမ်အောင်ထားလိုက်တယ် ပြီးတော့မှ သူမကိုထပ်ကြည့်တယ်
သူမရဲ့ခြောက်သွေ့နေတဲ့နှုတ်ခမ်းကို ကိုက်ထားပြီး ချွေးတွေစိုနေတဲ့လက်က ကားစီယာတိုင်ကို ကိုင်လိုက်တယ်
"ချောင်ချူး, နင့်ကိုငါအလွတ်မပေးဘူး"
'ချင်အိမ်တော်ရဲ့ မမလေးတစ်ယောက်ဖြစ်တဲ့ငါက မရင့်ကျက်သေးတဲ့ ကလေးမကို ဘာကိစ္စကြောက်ရမှာလဲ ချင်ကောက ငါ့အပိုင်ပဲ'
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....