Arc 15.15

781 101 3
                                    

Unicode

ဆရာသခင်ရွှီခွန်းသည် အသက်သုံးဆယ်​ကျော်အရွယ် အလွန်ပိန်လှီသော လူတစ်ယောက်ဖြစ်သည်။  ပိန်လှီမြင့်မား​သောခန္ဓာကိုယ်သည် သဲ့ကုန်းကုန်းနှင့်ယှဥ်လိုက်​​သောအခါ စက္ကူစွန်တစ်ခုဟုပင် ထင်ရလုနီးပါးဖြစ်သည်။

အခန်းထဲသို့ ဝင်လာသောအခါတွင် ဆရာသခင်ရွှီခွန်းမှာ မောဟိုက်နေဆဲဖြစ်ပြီး သူ့နှုတ်ခမ်းမွေးတို့ကလည်း အနည်းငယ် ရွဲ့နေသည်။

"အဲဒါ သူမပဲ ဆရာသခင် မြန်မြန် နှိမ်နင်းလိုက်ပါ!"
သဲ့ကုန်းကုန်းက မူလနေရာ၌ ရပ်နေဆဲဖြစ်သော ရှီရှန်းကို လက်ညှိုးထိုးပြကာ အလန့်တကြား​ပြောလိုက်သည်။

"သူမက နတ်ဆိုးပဲ!"

ရွှီခွန်းက  ခန်းမအလယ်တွင်ရပ်နေသော ရှီရှန်းကို မျက်လုံးများ​မှေးစင်းပြီးကြည့်​နေသည်။ 

''အဲ့ဒါ ယွင်​ကွေ့​ဖေး မဟုတ်ဘူးလား''

လမ်းတွင် သဲ့ကုန်းကုန်းသည် နတ်ဆိုးအကြောင်းကို အဆက်မပြတ်ပြောနေခဲ့ပြီး ရွှီခွန်းသည် လက်ရှိအ​ခြေအ​နေအရာကို အတိအကျ ​မေးမြန်းရန် အခွင့်မရှိခဲ့သောကြောင့် ရှီရှန်းကိုတွေ့သောအခါ သူ အလွန်စိတ်ရှုပ်သွားသည်။

"ဆရာသခင်ရွှီခွန်း ကြည့်ပါအုံး သူမက တကယ် နတ်ဆိုးလား" 
ယွီ၀မ်ရှင်းက ညွှန်ကြားလိုက်သည်။

"...ကောင်းပြီ...." 
ရှီရှန်းကို ငေးကြည့်နေရင်း ရွှီခွန်းက သူ့နှုတ်ခမ်းမွေးတွေကို ပွတ်သပ်လိုက်သည်။

အားလုံးက အခုမှ စိတ်​အေးသွားကြပုံရသည်။  ရွှီခွန်းသည် သူတို့၏ နှလုံးသားထဲတွင် မြင့်မြတ်သောနေရာ၌ရှိ​နေပြီး သူ​ရောက်လာပါက နတ်ဆိုးများကို ကြောက်စရာ မလိုတော့သလိုပင်။

ရွှီခွန်းက သူသယ်လာတဲ့ သေတ္တာကို အေးအေးဆေးဆေး ချလိုက်ပြီး ဖွင့်လိုက်သည်။

အတွင်း၌ အမျိုးမျိုးသော ပစ္စည်းကိရိယာများ ရှိ​နေသည်။ 
အင်းစက္ကူ၊ မင်နီနှင့် အိတ်ဆောင်အရွယ် သစ်သားဓားတစ်ချောင်း။

သို့သော် ရွှီခွန်း ဤဓါးကို ထုတ်လိုက်သောအခါ ဓါးကချက်ချင်းပင် ရှည်လာပြီး လူအုပ်ကြီးလည်း အံ့အားသင့်သွားလေသည်။

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now