Unicode
နတ်ဆိုးဂိုဏ်း၀င်တွေဟာ သေခြင်းတရားကိုကြောက်ရွံ့ခြင်းကြတယ်လို့နာမည်ကျော်ကြားတယ်
ကျန့်ကျန်းတစ်ယောက် တံခါးပိတ်လေ့ကျင့်ခြင်းကနေထွက်လာပြီးကတည်းက နတ်ဆိုး ဂိုဏ်းက ပုံစံအသစ်တစ်ခုဆီကို ဦးတည်သွားနေတယ် ဂိုဏ်းသားတွေက ဂိုဏ်းချုပ်ဟောင်းတစ်ယောက်ဖြစ်တဲ့ ကျန့်ကျန်း ရဲ့စကားကိုနားစွင့်နေဆဲဖြစ်ပေမယ့်လည်း ဒါက သူတို့ အသားမစားဘဲ နေနိုင်တယ်လို့ မဆိုလိုဘူးလေ
"မင်းကောင်တွေ အသားလေးနည်းနည်းအတွက်နဲ့ သစ္စာဖောက်ရလား မင်းတို့ရဲ့ဂုဏ်သိက္ခာကဘယ်မှာလဲ! " ကျန့်ကျန်းက ဒေါသအထွက်လွန်ပြီး ပေါက်ကွဲတော့မယ်လို့ ခံစားနေရတယ်
"ငါတို့နတ်ဆိုးဂိုဏ်းထဲကို ၀င်တဲ့နေ့မှာငါတို့ရဲ့ဂုဏ်သိက္ခာက ငါတို့ဗိုက်ကိုဖြည့်မပေးနိုင်ဘူးလို့မင်းမပြောခဲ့ဘူးလား။ ယောက်ျားစစ်စစ်တစ်ယောက်က စကားကို အမျိုးမျိုးပြောင်းပြောလို့ ရတယ်လား ငါတို့ကနှိမ့်ချပြီး ငါတို့အခွင့်အရေးကိုစောင့်နေတာပါနော်! "
ဂိုဏ်းသားတစ်ဦးက ပြန်လည်တုံ့ပြန်ခဲ့တယ်ကျန့်ကျန်း" … " 'ငါဒီလောက်မိုက်မဲတဲ့စကားကိုဘယ်တုန်းကပြောဖူးတာလဲ? ထားပါတော့၊ အဲ့ဒါကကိစ္စမရှိပါဘူး'
ကျန့်ကျန်းက ဂိုဏ်းသားတွေကို လက်ယပ်ခေါ်လိုက်တယ် "မင်းတို့ဒီညသူမကိုဆေးခပ်လိုက် ငါ ငါ့ရာထူးကိုပြန်ယူချင်တယ်! "
"ဂိုဏ်းချုပ်…မင်းရူးသွားပြီလား ၀ူကျန်းကို ဆေးခပ်ဖို့က ဖြစ်နိုင်တဲ့ကိစ္စမှမဟုတ်တာ "ဂိုဏ်းသားက အသံဗြဲကြီးနဲ့ ထအော်ပြီး ကျန့်ကျန်းကို ရိုးသားတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်
ကျန့်ကျန်း "…"ကျန့်ကျန်းက ဂိုဏ်းသားကိုရိုက်လိုက်ပေမယ့် သူက ခေါင်းကိုနောက်ဆုတ်ကာ အောင်မြင်စွာရှောင်တိမ်းနိုင်ခဲ့တယ်
"ရှောင်ရဲသေးလား! ဒီကိုလာ!"
ကျန့်ကျန်းက ဂိုဏ်းသားရဲ့ ဂုတ်ပိုးကို လှမ်းဆွဲဖို့ပြင်လိုက်တယ်"သူတို့ကိုအနိုင်ကျင့်တာကလွဲလို့မင်းဘာလုပ်နိုင်လဲ" ငြိမ့်ညောင်းတဲ့အသံကသူ့နောက်ကနေပြောလာတယ်။
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....