Arc 14.10

3.7K 494 10
                                        

Unicode

ရှီရှန်းက အိမ်ကိုအလည်သွားဖို့အတွက် အချိန်ထုတ်နေတယ် ဒါပေမဲ့ချောင်မူတစ်ယောက်သူမကို မြင်တဲ့အခါမှာတော့ ဒေါသထွက်သွားတယ်

ချောင်ဖူ အိမ်မှာမရှိဘူးဆိုတာ လည်းသိရော ရှီရှန်းကဘပြန်ဖို့လုပ်တယ် သူမအဆူတော့မခံနိုင်ဘူး

ချောင်မူက သူမလက်ကိုဆွဲထားပြီး လွှတ်မပေးဘူး

" ချောင်ချူး ဒီနှစ်လအတွင်းမှာ နင်ဘယ်တွေသွားပြီး အလေလိုက်နေပြန်ပြီလဲ နင်တစ်ကြိမ်တောင်အိမ်ကိုမပြန်လာဘူး မိန်းကလေးတစ်ယောက်မှာရှိသင့်တဲ့ အရှက်တရားရော နင့်မှာရှိသေးရဲ့လား ငါနင့်ကို ငွေလည်းမပေးမိပါဘူး အဲတော့ နင်ဘယ်သူ့ငွေတွေ သုံးနေတာလဲ အဲ့ဒီလမ်းဘေးက ကလေကချေတွေနဲ့တွဲပြီး အလေလိုက်နေပြန်ပြီလား"

ရှီရှန်း"......"

သူမက အခုထိ တံခါးပေါက်မှာ ရပ်နေတုန်းပဲ

'ဒါကအမေတစ်ယောက်က ကိုယ့်သမီးကိုပြောသင့်တဲ့စကားလား?? ငါတောင်ဘာမှမ​ပြောရသေးဘူး သူကငါ့ကြီးထင်ရာပြောနေတာပဲ တစ်ကယ်ပါပဲ???!? ကိုယ့်သမီးကို လမ်းမှားရောက်အောင်တွန်းပို့နေလိုက်တာ ချောင်ချူက အရွယ်ရောက်နေပြီးသားသူမဟုတ်လား'

"ကျွန်မကို လွှတ်စမ်းပါ"

"နင်ဒီနေ့မှ ငါ့ကို အကုန်မရှင်းပြနိုင်သေးဘူးဆိုရင် နင့်ကိုငါမလွှတ်ပေးဘူး

ဒီရက်တွေမှာ နင်ဘာတွေလုပ်နေတာတုန်း"

ချောင်မူက မေးခွန်းတွေကြီးလှိမ့်မေးနေတယ်

ရှီရှန်းက အသက်ပြင်းပြင်းရှူလိုက်တယ်

"ကျွန်မရည်းစားလည်းမရသေးသလို ရှင့်ကိုအရှက်ရစေမယ့် အလုပ်လည်းမလုပ်ရသေးဘူး ရပြီလား"

"အဲ့ဆိုလည်း သုံးနေတဲ့ပိုက်ဆံကဘယ်ကနေရလာတာလဲ!?"

ချောင်မူက လက်မလျော့သေးဘူး

"ကျွန်မရှာထားတာလေ"

"ရှာထားတာ??"

ချောင်မူက မယုံကြည်တဲ့အကြည့်နဲ့သူမကို ကြည့်နေတယ်

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now