Unicode
"မင်းအရင်သွားနှင့်လိုက်"
ရင်းမော့က ရှန့်ကျားရင်းကို ပြောလိုက်တယ်
သူမခေါင်းညိတ်ပြီး ထွက်သွားဖို့လုပ်တယ် သူမရှီရှန်းနားကနေဖြတ်သွားတော့မယ့်အချိန်မှာ ရုတ်တရပ်ရပ်လိုက်တယ်
"မစ္စရှန်း, အပြင်ထွက်ပြီးလမ်းလေးဘာလေးလျှောက်ကြမလား"
ရှီရှန်းက ခါးကျောဆန့်ပြီး ဂရုမစိုက်တဲ့လေသံနဲ့ပြောလိုက်တယ်
"စိတ်မပါဘူး"
ရှန့်ကျားရင်းရဲ့ အမူအယာတွေက ပိုပြီးတော့တောင် မဲမှောင်သွားတယ် သူမယွိကျိုကို စိုက်ကြည့်လိုက်တယ်
'သူတို့နှစ်ယောက်က စီးပွားရေးကိစ္စတွေဆွေးနွေးမှာမလား အဲတာကို သူမကိုဆက်ခေါ်ထားမို့လား'
ယွိကျိုကတော့ဒေါသထွက်နေတဲ့အရိပ်အယောင်တွေဘာမှမပြဘဲ ရှီရှန်းရဲ့ခေါင်းကိုပဲ ပုတ်ပေးလိုက်တယ်
"ပင်ပန်းနေပြီလား, ခနနေရင်ပြန်ကြမယ်နော်"
ယွိကျိုရဲ့ အမူအယာက ရိုးရှင်းနေတယ် ရှီရှန်းထွက်သွားစရာမလိုဘူး
ရှန့်ကျားရင်းက ရင်းမော့ကိုပြန်ကြည့်လိုက်တယ် သူက ရှီရှန်းကို စိတ်ဝင်တစားအကဲခတ်နေတယ်
သူမထွက်သွားတာနဲ့ယွိကျိုက စပြောတယ်
"ငါ့ပစ္စည်းတွေကို အလယ်ကနေဖြတ်ခုတ်ပြီးတော့များ ငါ့ကိုတွေ့ဖို့ချိန်းရဲတယ်ပေါ့, မင်းမှာအကြောင်းပြချက်ရှိမယ်လို့မျှော်လင့်ပါတယ်, ဟုတ်တယ်မလား"
ရင်းမော့က လူကြီးလူကောင်းစတိုင်ဖမ်းလိုက်ပြန်တယ်
"အကြောင်းပြချက်ရယ်တော့မဟုတ်ပါဘူး, လုပ်ငန်းကိစ္စပါ"
"လုပ်ငန်းအတွက်တဲ့လား!?''
ယွိကျိုက ချောင်းဟန့်လိုက်တယ်
"ဘယ်လိုလုပ်ငန်းကများမစ္စတာရင်းမော့ကို နိုင်ငံကနေထွက်ပြီး ကျွန်တော့ပစ္စည်းတွေဖြတ်ယူရလောက်တဲ့အထိ တွန်းအားပေးတာပါလိမ့်, တော်တော်လေးတော့ ကုန်ကျမယ်ထင်တယ်"
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....