Unicode
"သေအောင်ရိုက်ကြစမ်း"
အမျိုးသမီးတစ်ယောက်ရဲ့ ရှင်းလင်းပြတ်သားနေတဲ့ အသံက စားသောက်ဆိုင်ရဲ့ အပြင်ဘက်ကနေထွက်လာတယ်ပုံရိပ်တစ်ခုဟာ တံခါးနားကဖြတ်ဝင်လာပြီး လင်းယွဲ့ နဲ့စကားပြောနေတဲ့ သူတွေဆီ စူးရှစွာကြည့်နေတယ်
ရှီရှန်းအပြင်ကနေတောင် ကြားနိုင်အောင် အပေါက်ဝနားထိုင်ပြီးပြောဆိုနေတဲ့ သူတို့ကိုယ်သူတို့ပဲ အပြစ်တင်နိုင်မယ်
ရှီရှန်းနောက်ကနေလိုက်လာတဲ့
လူတစ်အုပ်က သူတို့ဆီတိုးဝင်လာပြီး ရိုက်ကြတော့တယ် လူတိုင်းက အခန်းထောင့်နားကို ကပ်သွားပြီး လင်းယွဲ့ကို ထူးဆန်းစွာကြည့်နေကြတယ်'စကားလေးအနည်းငယ်လောက်ပဲ ပြောလိုက်မိတာကို အမတ်ချုပ်ဆီကနေ အရိုက်ခံရတယ်ပေါ့'
'ဒီသူတော်စင်ငယ်လေးက အိပ်ရာထဲမှာ စွမ်းဆောင်ရည်ကောင်းတဲ့ပုံပဲ အဲတာကြောင့်သူ့ကို အမတ်ချုပ်က အဲ့လောက်သဲသဲလှုပ်ဖြစ်နေတာနေမယ်'
'လုံးဝကိုမျှော်လင့်မထားတာက ဒီလိုဖြူဖြူစင်စင်လေးက အနှစ်သက်ခံရအောင်လုပ်နိုင်တယ် ဆိုတာပဲ
ကြည့်ရတာ ငါတို့တော့ ဟုတ်လားမဟုတ်လားစမ်းသပ်ဖို့ အခြားသူတော်စင်ငယ်လေးတွေသွားရှာရင်ကောင်းမလား?'
"လာပါ အိမ်ပြန်ရအောင်"
ရှီရှန်းကရှေ့ထွက်လာပြီး လင်းယွဲ့လက်ကို လှမ်းဆွဲတယ်
"ဒီဟာတွေက စကားပြောရင် လွန်လွန်းတယ် နောက်ခါအဲ့လိုတွေတွေ့ရင် နောက်လိုက်တွေကို သူတို့ကိုရိုက်ခိုင်းလိုက်"သူ့ရဲ့ မျက်ခုံးကြားမှာရှိနေတဲ့ စက်ဆုပ်မှုတွေပျောက်သွားပြီး ညင်သာမှုလေးတွေ ဝင်လာတယ် သူရှီရှန်းလက်ကိုပြန်ဆုပ်ကိုင်ပြီးပြောလိုက်တယ်
"မင်းဒီမှာ ဘာလို့ရှိနေတာလဲ""နန်းတော်ကနေ ထွက်ထွက်လာချင်း လမ်းမှာ အိမ်တော်ကလူတွေကိုတွေ့လိုက်တာနဲ့မင်းဒီမှာ ရှိလောက်မယ်ထင်ပြီး လာလိုက်တာ အိမ်ကိုတူတူပြန်လို့ရတာပေါ့"
'အိမ်...ငါ့မှာအိမ်ရှိပြီပေါ့'
"အင်း..အိမ်ပြန်ကြမယ်"
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....