Unicode
နွေဦးပွဲတော် ပြီးသွားတဲ့အခါမှာ လူတိုင်းက နှစ်သစ်ကိုစတင်ဖို့ အလုပ်တွေများနေကြပြီ
ချင်ကောကုမ္ပဏီက ထုတ်လုပ်တဲ့အဆင့်မြင့်စက်ရုပ်ေတကို တရားဝင်ဖြန့်ချိခဲ့ပေမယ့် ရလဒ်တွေက မူလမျှော်မှန်းထားတဲ့အတိုင်းမဖြစ်ခဲ့ပါဘူး
မော်ဒယ်သစ်ရဲ့စျေးနှုန်းက ယခင်စက်ရုပ်တွေနဲ့ နှိုင်းယှဉ်ရင် အများကြီးကွာခြားလွန်းတယ် ဒါကြောင့် တစ်ဘီလျံကျော်ရှိတဲ့သူဌေးကြီးတွေမဟုတ်ရင် သူတို့ကိုဝယ်ဖို့တောင်မစဉ်းစားပါနဲ့
ဤလုပ်ငန်းလမ်းကြောင်းက အစောပိုင်းအဆင့်တွေမှာ ခက်ခဲပီးတော့
ရင်ဆိုင်ရသည့် အခက်အခဲေကေအခြားသူများထက် မရေမတွက်နိုင်အောင်အမြဲပိုများလွန်းတယ်
ချင်ကောအပေါ် ဖိအားတွေက ပိုပိုပြီးများလာတော့တယ်
သူနဲ့ဆွေးနွေးခဲ့တဲ့ CEOက အတူတူတွဲမယ်ပြောခဲ့ပေမယ့်အခုတသ်ခေါက်ကြမှ စဥ်းစားဦးမယ်လို့ပြောခဲ့တယ်
ချင်ကောက သူ့ကိုလူတွေ့ တွေ့ဖို့သွားခဲ့တယ် ဒါပေမဲ့တွေ့ရဖို့အရိပ်အယောင်တောင်မပြဘူး.... အခြားကုမ္ပဏီက အခြေအနေကလည်းအတော်လေးကောင်းနေတယ်
သူ့အကူအညီမပါတာကြောက့် ရောင်းအားကအတော်လေး ဆိုးဝါးသွားတယ်
ချင်ကောက အခုတလောအလုပ်တွေအများကြီးလုပ်နေရတယ် ကုမ္ပဏီကနေထွက်လာတဲ့အခါမှာ ဘာမှမရှိတဲ့ကောင်းကင်ကြီးကို သူမော့ကြည့်မိတယ်
'ငါဒါကို ကျော်လွှားနိုင်မှ မကျရှုံးမှာ'
''မစ္စတာချင်"
ချင်ကောက မျက်မှောင်ကြုတ်ပြီးအသံလာရာကို ကြည့်လိုက်တယ်
ချောင်ချန်းချန်းက ကျော့ရှင်းတဲ့ဝတ်စုံကိုဝတ်ထားပြီးတော့ ဒေါက်ဖိနပ်စီးထားတယ်မီးရောင်မှိန်နှိန် လင်းနေတဲ့မီးတိုင်အောက်မှာ သူမရပ်နေတယ်
"ခနလောက်စကားပြောကြမလား"
"မပြောဘူး"
ချင်ကောက သူ့ကိုအေးအေးစက်စက်ငြင်းထည့်လိုက်တယ်
ချောင်ချန်းချန်းက အခုရက်ပိုင်းအတွင်းမှာ ဘယ်လောက်တောင်ပြောင်းလဲသွားတယ်ဆိုတာကို လူတိုင်းတွေ့နိုင်တယ် သူမရဲ့အပြုအမူတွေမှာ မြူဆွယ်မှုတွေပါနေတယိ ဒါက ချင်ကောမကြိုက်ဆုံး မိန်းကလေးတွေပုံစံပဲ
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....