Unicode
ရှီရှန်းက လုပ်ဆောင်ရေးခန်းမထဲကို စိန်ပြေတပြေ အီလေးဆွဲပြီး ဝင်လာတယ် ကြားထဲမှာလည်း ချန်းရှီက သူမကိုမြန်မြန်လာဖို့ ခနခနဖုန်းတွေဆက်နေတယ်
.
အခန်းထဲက လေထုက အရမ်းကိုသိပ်သည်းနေတယ် သူမဝင်လာတဲ့အခါ လူတိုင်းရဲ့အကြည့်တွေက သူမဆီကိုရောက်သွားတယ်မသင်္ကါမှုတွေ, နာကြည်းမှုတွေနဲ့ ဒေါသတွေနဲ့ပြည့်နေတဲ့ အကြည့်တွေကို သူမရလာတယ်
ရှီရှန်းက မျက်တောင်လေးပေကလပ်ပေကလပ်လုပ်ပြပြီး ချန်းရှီကို ကြည့်နေတယ်
ချန်းရှီက ချက်ချင်းပဲ လူတိုင်းရဲ့ရှေ့မှာရပ်ပြီး စတင်စကားပြောတယ်
"အဲလိုတွေ မလုပ်ကြပါနဲ့, ငါတို့ကအခုထိလည်း အမှန်တရားကို သိသေးတာမဟုတ်ဘူးလေ ပြီးတော့ ချူးချူးရဲ့ ကိုယ်ကျင့်တရားကို ငါယုံတယ်"ချန်းရှောင်က မျက်မှောင်ကြုတ်လိုက်တယ်
"ချန်းရှီ မင်းက ကိုယ့်ခံစားချက်ကို ထည့်တွက်နေတာပဲ အမှန်တရားက ငါတို့ရှေ့မှာ ပေါ်နေပြီသားပဲ"ချန်းရှီက ရုတ်တရပ်ဒေါသထွက်သွားတယ်
"ချူးချူးက ဘာမှတောင်ပြောရသေးတာမဟုတ်ဘူး ဒီအတိုင်းကြီးကောက်ချက်ချတာကတော့ မြန်လွန်းတယ်""ဂျူနီယာလေးကို စကားပြောခွင့်ပေးပါဦး"
တစ်စုံတစ်ယောက်က ဝင်ပြောတယ်ရှီရှန်းက စိတ်ရှုပ်သွားတယ် 'ငါကဘာမှတောင်မသိတာကို ဘယ်လို ရှင်းပြရမှာလဲ'
ရှီရှန်းစိတ်ရှုပ်နေတာကို မြင်တော့ ချန်းရှီက သူမကိုရှင်းပြတယ်
သူတို့ထဲက တစ်ယောက်ယောက်က သူတို့လုပ်ထားတဲ့ ပရောဂျက်ကို ကုမ္ပဏီတစ်ခုကို ရောင်းလိုက်တယ် အဲလူကိုသူတို့ရှာနေကြတာ ဒါကြောင့် သူတို့မှာယှဉ်ပြိုင်ဖို့အတွက် ပရောဂျက်မရှိတော့တာကြောင့် အပယ်ခံလိုက်ရတယ် အဲ့တာအပြင် သူတို့ငွေတွေအများကြီးလည်းပြန်လျော်ပေးရတော့မယ်
ဒါပေမယ့် ဘယ်သူရောင်းလိုက်တာလဲဆိုတာကို သူတို့မသိဘူး ကုမ္ပဏီက မပြောပြဘူး
ဒါကြောင့် သူတို့စစ်ဆေးဖို့အတွက် ဘယ်သူက အခန်းထဲကို နောကျဆုံးဝငျတာလဲဆိုတာကို ကြည့်လိုက်ကြတယ်
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....