Arc 13.4

3.1K 463 5
                                    

Unicode

" အားလုံးကဧည့်သည်တွေပါပဲ အားဖူ...မိန်က​လေး ၀ူကျန်းကို ၀င်ခွင့်ပြုလိုက်ပါ "
အရှိန်အဝါရှိပုံရတဲ့ အမျိုးသားအသံကို ကြားလိုက်ရတယ်  ဖွင့်ထားတဲ့တံခါးတစ်ခြမ်းရဲ့​​နောက်မှာ လူတစ်ယောက်ကရပ်​နေပြီး ကျွန်တစ်ယောက်သူ့အတွက် မီးပုံးတစ်လုံးကို ကိုင်ထား​ပေးတယ် သူက ၀ိုးတဝါးအလင်းရောင်​အောက်မှာ​တောင် အတော်လေး သန်မာပုံရတယ်

အားဖူ လှည့်ကြည့်လိုက်တယ် "ရွာသူကြီး၊ သူမက.." သူမကိုဘယ်လိုလုပ်ဝင်ခွင့်ပြုမလဲ! '

"ငါတို့ဧည့်သည်ကို ကြိုဆိုလိုက်ပါ" ရွာသူကြီးက အားဖူကို ဖြတ်ပြောလိုက်တယ်
"ဟုတ်ကဲ့ "  အားဖူက စွာသူကြီးကို  ဦးညွှတ်ပြီး ရှီရှန်းဘက်ကို လှည့်ကာ ခပ်တည်တည်ပြောလိုက်တယ်  "မိန်းက​လေး၀ူကျန်း.. ကျေးဇူးပြုပြီးငါ့နောက်လိုက်ခဲ့ပါ"

ရှီရှန်းက အားဖူ​နောက်ကို မလိုက်ခင် သူမအတွက်​ပြော​ပေးခဲ့တဲ့အမျိုးသားကို အဓိပ္ပါယ်ရှိတဲ့အပြုံးတစ်ခု ပြုံးပြ​ပေးခဲ့တယ်

သူမတို့ထွက်သွားတာနဲ့ ကျေးကျွန်က စိုးရိမ်တကြီး​မေး​တော့တယ် "ရွာသူကြီး၊ သူမကိုဘာလို့ဝင်ခွင့်ပြုတာလဲ"

"မင်းမိန်းကလေးတစ်ယောက်ကို အဲ့​လောက်​တောင်ကြောက်နေတာလား" ရွာသူကြီးက မထီမဲ့မြင်​လေသံနဲ့​ပြောလိုက်တယ်

"သူမက အဆိပညာရှင်ဆိုတဲ့ကောလဟာလတွေထွက်နေတယ်။ ပြီးတော့သူမမှာ နှင်းလွှာလမင်းဓါး ရှိတယ် "

"အဲ့ဒါက သူမကို ရွာထဲဝင်ခွင့်ပြုလိုက်ရတဲ့ အကြောင်းအရင်းအတိအကျဘဲ။ "

ရွာသူကြီးကခပ်တိုးတိုးပြောတယ်။ ကျွန်ကဒါကိုဘာမှ ထပ်မပြောဝံ့​တော့ဘူး။

……

ဖူယိယွင်ဟာ ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး အဆိပ်လည်း မိ​နေခဲ့တယ် ပိုင်​လော့ရဲ့မျက်နှာက ​သေ​လောက်​အောင်ဖြူ​ဖျော့သွားပြီးက သူ့အနားက​နေ ထွက်ခွာဖို့ ငြင်းဆန်ခဲ့တယ်

"မိန်းက​လေးပိုင်၊ မင်းခဏလောက်အနားယူသင့်တယ်။ သခင်​လေးဖူ ကိုငါစောင့်ကြည့်ပါ့မယ်" အားဖူက သူမအခြေအ​နေကို တွေ့ပြီးနောက်မ​နေနိုင်ဘဲပြောခဲ့တယ်

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Nơi câu chuyện tồn tại. Hãy khám phá bây giờ