Unicode
ရှီရှန်းက လုံရွင်ဆီကနေ အတိတ်ကဖြစ်ရပ်အနည်းငယ်ကို သိလိုက်ရတယ်
အရင်တုန်းက ရှန်းရှရဲ့မိဘတွေက မြေတစ်ကွက်လောက်ဝယ်ပြီး ထိုနေရာမှာ ရေပူစမ်းအပန်းဖြေစခန်း ဆောက်ဖို့အတွက် စဥ်းစားဖူးတယ်
လုံရွင်ပြောတာအရဆိုရင်တော့ အဲဒီမှာ သဘာဝရေပူစမ်းရှိနေတာကြောင့် သူတို့အနေနဲ့ အပန်းဖြေစခန်းဖွင့်ချင်ခဲ့တယ်
H လုပ်ငန်းစုကလည်းအတော်လေး အောင်မြင်နေပြီဖြစ်တာကြောင့် လမ်းပန်းဆက်သွယ်ရေးအဆင်ပြေနေပြီး အဲဒီနေရာမှအပန်းဖြေစခန်း ဖွင့်တာကသူတို့အတွက် ဝင်ငွေအများကြီးရလာနိုင်မယ်
သူတို့စာချုပ်ချုပ်ပြီးတာနဲ့ အဲ့နေရာမှာ စိန်တွင်းရှိနေတယ်ဆိုတဲ့ သတင်းကိုတစ်ယောက်ယောက်က လွှင့်လိုက်တယ် ပြီးတော့တွင်းက တော်တော်လေးကြီးတယ်လို့လည်း ပြောကြတယ်
စိန်သိုက်ဆိုတာက တိုင်းပြည်အတွင်းမှာ အတော်လေးရှားပါးတယ် အဲလိုသတင်းလွှင့်ခဲ့တာကြောင့် လူတိုင်းကရှန်းရှီလုပ်ငန်းစုအပေါ်မှာ အာရုံစိုက်လိုက်ကြပြီး သူတို့ကို အများအားခွဲဝေပေးစေချင်ကြတယ်
မြေစာချုပ်ကတော့ ရှန်းရှမိဘတွေအတွက် ကျိန်စာတစ်ခုလိုဖြစ်လာတော့တယ် ဒီကိစ္စကို အထက်ကိုတင်ပြသင့်ပေမယ့်လည်း တစ်စုံတစ်ယောက်က သတင်းကိုဖုံးကွယ်ခဲ့ပြီး သိတဲ့လူတွေအချို့ကိုလည်း ငွေနည်းနည်းပေးပြီးနှုတ်ပိတ်ခဲ့တယ်
သတင်းကိုက အစကတည်းက မကျယ်ပြန့်သေးတာကြောင့် အင်တာနက်မသုံးဘဲ လက်စဖျောက်ဖို့ဆိုတာ လွယ်တယ်
ရှန်းရှီ လုပ်ငန်းစုကို လူအများကအာရုံစိုက်လာကြတာကြောင့် ရှန်းရှရဲ့မိဘတွေက ဒါနဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်အားလုံးကို ဖျက်ဆီးပစ်လိုက်တယ် ဒါပေမဲ့ ဒီလိုလုပ်လိုက်တာက အဲ့နေရာမှာ စိန်သိုက်ရှိနေတယ်ဆိုတဲ့ သတင်းကို ဝန်ခံလိုက်သလိုဖြစ်သွားတယ်
အဲဒီကိစ္စက ကြီးမားလာပြီး ရှန်းရှရဲ့မိဘတွေရဲ့ကားကို ပင်လယ်ထဲမောင်းဖို့ တွန်းအားပေးတဲ့အထိဖြစ်လာတော့တယ် ဒီလိုနဲ့သူတို့ရဲ့အလောင်းတွေကလည်း လှိုင်းလုံးကြားမှာ ပျောက်ကွယ်သွားတယ်
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....