Unicode
ပတ်ဝန်းကျင်က ကြည့်နေတဲ့သူတွေ မင်သက်သွားတယ်
'ဒီကောင်မလေးက....ထျန်းကျင်းချန်ကို တွန်းရဲတာပဲ သူမအဲလောက်တောင် မာနကြီးနေတာ ကောင်းကင်ဘုံပဲတက်သွားလိုက်ပါတော့လား'
ထျန်းကျင်းချန်က ဒီလိုဆက်ဆံတာ မခံရဘူးတာကြောင့် သူ့နှလုံးသားထဲမှာ ဒေါသတွေပေါက်ဖွားလာတော့တယ်
"နင်ဘာပြစ်မှုကို ကျူးလွန်လိုက်ပြီ ဆိုတာရော သိရဲ့လား"
"ကိုယ်ထိလက်ရောက် စော်ကားမှု"
ရှီရှန်းက တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေလိုက်တယ်
" မင်းသိလို့တော်သေးတာပေါ့"
ထျန်းကျင်းချန်က လှေကားပေါ်တက်လာပြီး ရှီရှန်းကို အေးစက်စွာစိုက်ကြည့်နေတယ်
"အိုး...ကောင်းတာပေါ့, ဘာလဲရှင်က ကျွန်မကို တရားစွဲချင်လို့လား ရှေ့နေခေါ်ရင်ကျွန်မအတွက်ပါ တစ်ယောက်ရွေးထားလိုက် သူမကိုလည်း ကိုယ်ထိလက်ရောက်စော်ကားမှုနဲ့ တရားစွဲပြမယ်"
ရှီရှန်းက ချောင်ချန်းချန်းကို လက်ညှိုးထိုးပြတယ်
ထျန်းကျင်းချန် ကမျက်မှောင်ကြုတ်လိုက်တယ်
"ချန်းချန်းက တမင်ရည်ရွယ်ပြီးလုပ်ခဲ့တာ မဟုတ်ဘူးလေ"
"ကျွန်မကရော တမင်လုပ်လို့လား"
ရှီရှန်းက ပြုံးပြတယ်
ထျန်းကျင်းချန်"....."
'လူတွေအများကြီး ကြည့်နေတာတောင် သူဒီစကားကိုထွက်ရဲတယ် အားလုံးကို မျက်စိကန်းနေတယ်များထင်နေတာလား'
"ငါတောင်းပန်ပါတယ် ရှောင်ချူး"
ချောင်ချန်းချန်းက ရုတ်တရပ်အကျယ်ကြီးတောင်းပန်လိုက်တယ်
ပြီးတော့မှ ေခါင်းကိုငုံ့ပြီး ရှီရှန်းပြန်ပြောတာ မစောင့်ဘဲ လှေကားအောက်ကို ပြေးဆင်းသွားတယ်
ချောင်ချန်းချန်းက နောက်တစ်ခေါက်ချော်လဲပီးတော့ ချင်ကောရဲ့ရင်ခွင်ထဲရောက်သွားတယ်
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....