Extra 1

4.4K 525 0
                                    

Unicode

ငါ့နာမည်က သိုက်ယွဲ့ပါ တစ်ကယ်တော့ငါ့မှာလည်း မျိုးရိုးနာမည်ရှိတယ် ကျွင်းမျိုးရိုးပါ

ကျွင်းအိမ်တော်က လူတစ်ယောက်ဖြစ်ခဲ့ပြီး ဆွေမျိုးတော်စပ်ပုံအရပြောရမယ်ဆိုရင် အမတ်ချုပ်က ငါနဲ့ညီအမဝမ်းကွဲတော်သလိုမျိုး တော်စပ်ကြတယ်

ငါနားလည်တတ်စအရွယ်ကတည်းက လူတွေကငါ့ကို မှတ်ညဏ်တစ်ခုတည်းကိုပဲ ဇွတ်ထည့်သွင်းကြတယ် အဲ့တာက ငါ့ဘဝကို ကျွင်းအိမ်တော်ကသခင်မလေး ကျွင်းလီယုန်ပိုင်တယ်ဆိုတာပဲ

သူမကိုငါ့ဘဝနဲ့ရင်းပြီးကာကွယ်ခိုင်းကြတယ် ငါ့ကိုသူမကိုသစ္စာရှိဖို့ပဲ ပြောနေကြတယ်

အဲဒီတုန်းက အခြေအနေတွေကိုငါနားမလည်နိုင်ဘူး အရမ်းလည်းမွန်းကြပ်ခဲ့သလို မနာလိုလည်းဖြစ်မိတယ် ဒါကြောင့်ငါအိမ်ကနေ ထွက်ပြေးခဲ့တယ်

ပထမဦးဆုံးအကြိမ် ငါသူမကိုမြင်ဖူးတာက စားသောက်ဆိုင်တစ်ဆိုင်မှာဖြစ်တယ်

ငါအိမ်ကနေထွက်ပြေးပြီး ရက်တွေအများကြီးဖြတ်သန်းပြီးပြီ ငါနဲ့အတူယူလာတဲ့ပိုက်ဆံတွေ အားလုံးလည်းပြောင်ပြီ

အရမ်းကိုဗိုက်ဆာနေခဲ့တာကြောင့် ငါ့မှာစားသောက်ဆိုင်ကနေ တစ်ခုခုခိုးယူပြီးစားရုံပဲရှိမယ် ဒါပေမဲ့ငါ့ကိုလူမိသွားပြီး အရိုက်ခံရတယ်

အဲ့အချိန်မှာပဲ အရမ်းကိုသိမ့်မွေ့ပြီးနူးညံ့တဲ့မိန်းကလေးတစ်ယောက်က ဒုတိယထပ်မှာထိုင်နေပြီးတော့ ငါ့ကိုထူးထူးဆန်းဆန်းပုံစံနဲ့ ကြည့်နေတယ်

သူမဘေးနားမှာထိုင်နေတဲ့ ငါ့အမေကိုလည်းတွေ့လိုက်တယ်

ငါ့အမေ ကသူမရဲ့အထိန်းတော်ပဲအဲဒီအချိန်မှာ ငါအဲဒီမင်းသမီးလေးကိုကြည့်မရတော့ဘူး ဘာလို့လဲဆိုတော့ သူမကငါ့အမေကို လုယူသွားခဲ့တဲ့အပြင်ကို ငါ့ဘဝကိုလည်းသူမဆီအပ်နှံစေချင်တယ်

ငါအရိုက်ခံရတာကို မြင်တဲ့အချိန်မှာ အမေကငါ့ကိုကျောပေးထားပြီးတော့ သခင်မလေးကို မကြည့်ဖို့ပဲ တအီအီအသံနဲ့ ပြောနေတယ် သူမငါ့ကိုတစ်ချက်တောင်လှည့်မကြည့်ခဲ့ဘူး

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now