Unicode
ချန်ကောကရှီရှန်းကိုလိုက်မနှောင့်ယှက်တော့သလို ရှီရှန်းမှာလဲသူ့နောက်ကိုလိုက်ပြီးနှောင့်ယှက်ဖို့အချိန်မရှိတော့ဘူး သူမဝိဉာဥ်စွမ်းအင်ရအောင်
ကျင့်ကြံဖို့လိုတယ်
ဆောင်းရာသီမတိုင်ခင်ကျင်းပတဲ့စားမေးပွဲကို ဖြေဖို့သာလျှင် ရှီရှန်းကတစ်ခါတစ်လေပေါ်လာလေ့ရှိတယ်
ဒီစာမေးပွဲတွေက သူမအတွက် လွယ်ကူလွန်းတယ် သူမဖြေပြီးတာနဲ့ ပစ္စည်းတွေထုပ်ပိုးပြီး တောင်ပေါ်သွားဖို့ပြင်တယ် ဘာလို့လဲဆိုတော့ အဲ့မှာကဝိဉာဥ်စွမ်းအင်ကပိုပြီးကြွယ်ဝလို့ပဲ
သူမဝိဉာဥ်စွမ်းအင်ရအောင်
မြန်မြန်ကျင့်ဖို့လိုတယ် ဒါမှသာလျှင်သူမလူနဲ့ မြန်မြန်အီစီကလီလုပ်နိုင်မှာဖြစ်တယ်
လက်ထဲမှ ာဘာမှသယ်စရာမရှိအောင်သူမပစ္စည်းတွေကို ထုပ်ပိုးပြီးကျောင်းဂိတ်ကနေ သူမထွက်ခွာလာခဲ့တယ်
အချိန်တွေကုန်ဆုံးတာ မြန်ပြီးတော့နောက်ဆုံးတော့အားလပ်ရက်ကိုရောက်လာခဲ့ပြီ ကလေးတွေကို ကြိုဖို့ကျောင်းသားမိဘတွေနဲ့ ကိုယ်ရံတော်တွေကလဲကျောင်းရှေ့မှာ ပြည့်နေပြီ ကားပါကင်မှာလဲ ကားတွေပြည့်လို့ပေါ့
ရှီရှန်းလူအုပ်ကြီးကနေ အကြည့်လွှဲလိုက်တဲ့အချိန်မှာ လူအုပ်နဲ့သီးခြားရပ်နေတဲ့ ချင်ကောကိုတွေ့လိုက်ရတယ် ချောင်ချန်းချန်းနဲ့ သူနဲ့ကအတူရပ်နေကြပြီး ချောင်ချန်ချန်းလက်တစ်ဖက်ကသူ့ရဲ့လက်ကို ချိတ်ထားပြီး စကားတွေဖလှယ်နေကြတယ်
WTF!
ရှီရှန်းအံ့သြသွားတယ်,"!!!"
'ဘာဖြစ်သွားတာလဲ ဇာတ်လိုက်မရယ်ကျေးဇူးပြုပြီးသူ့ကိုလွှတ်ပေးစမ်းပါ အဲ့တာငါ့လူနော်'
ရှီရှန်းကရှေ့ကို ခြေလှမ်းအနည်းငယ်သွားလိုက်ပြီး ရပ်တန့်သွားတယ်
အဲ့လိုသွားလိုက်ရင် သူမပဲမျက်နှာပျက်ရမှာမဟုတ်လား မလုပ်သင့်ဘူးထင်တယ်
'သူက ဖုန်းစီဖြစ်နေရင်တောင် ငါ့ကိုငါအရူးအဖြစ်မခံနိုင်ဘူး'
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....