Unicode
"မင်းက ငါ့ကိုလက်ထပ်ချင်တယ်"
လင်းယွဲ့ရဲ့အသံကတုန်ခါသွားတယ်
"တရားဝင်ခင်ပွန်းအရာထားမယ်တဲ့လား""အရင်ကတည်းက ကတိပေးထားတယ်လေ"
ရှီရှန်း က လင်းယွဲ့ရဲ့ နှုတ်ခမ်းတွေကို နမ်းလိုက်တယ်
"စိတ်မဆိုးပါနဲ့ ငါကမင်းကို အံ့သြသွားအောင်လုပ်ချင်ရုံပါ မင်းကတစ်ဝက်
တစ်ပြက် ကြားလာပြီး အထင်လွဲလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ""ငါ...တောင်းပန်ပါတယ်"
လင်းယွဲ့ရဲ့အသံက တိုးဖျော့နေတယ်သခင်ငယ်လေးတွေ အများကြီးကသူမဘေးမှာ ပတ်လည်ဝိုင်းနေတာ သူဒီလိုတွေးမိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်
လင်းယွဲ့က သူပြင်းပြင်းထန်ထန်ကိုက်ထားတဲ့ ရှီရှန်းရဲ့ပခုံးကို ကြည့်ပြီး စိတ်မကောင်းဖြစ်စွာထရပ်လိုက်တယ်
"သွေးတွေထွက်နေတယ် ပတ်တီးစည်းရအောင်"
'ငါဘာလို့အဲ့လောက်တောင်ကိုက်မိသွားပါလိမ့်'လင်းယွဲ့က အိပ်ရာပေါ်ကနေထလာပြီးတော့ မီးထွန်းလိုက်တယ် အခန်းကအလင်းရောင်နဲ့ပြည့်စုံသွားမှ ရှီရှန်းက သွေးတွေနဲ့အကိုက်ခံ ထားရတဲ့ပခုံးကို မြင်ရတယ်
'ဒီကောင်ကတော့ ခွေးများလားပဲ'"ငါတောင်းပန်ပါတယ် အရမ်းနာနေလား"
လင်းယွဲ့က သွေးတွေကိုသုတ်ပေးနေတယ်
"ငါ့ကို ပြန်ကိုက်ချင်လား?"ရှီရှန်းက သူ့ကိုစိုက်ကြည့်လိုက်တယ် "တော်သေးတာပေါ့ မင်းကိုက်တာ လည်ပင်းမဟုတ်ဘဲ ပခုံးဖြစ်နေလို့ မဟုတ်လို့ကတော့ ငါသေနေပြီ"
"တောင်းပန်...ပါတယ်"
"ထားလိုက်ပါတော့ မင်းငါ့ကို အမှတ်အသားလုပ်ပေးတယ်လို့ပဲသဘောထားလိုက်မယ်"
'ဟင်း...စောသေးလို့အကြောပေးထားတာ တစ်နေ့တော့ သူငါ့ဆီမှာလုံးဝကို ပြားပြားဝပ်သွားစေရမယ်'
လင်းယွဲ့က သေသေချာချာ သွေးတွေကိုသုတ်ပေးပြီးတော့
အနာကိုဆေးထည့် ပတ်တီးစည်းပေးတယ် ပြီးတော့မှ သူမကိုရင်ခွင်ထဲထည့်ပြီး အိပ်ရာပေါ်ပြန်လှဲလိုက်တယ်"မင်းနဲ့အတူ ငါဘာလို့တောင်အောက်ကို ဆင်းလာတာလဲသိလား"
လင်းယွဲ့ရဲ့ လေသံက အမှောင်ထဲမှာ ဝေဝါးနေတယ်
VOUS LISEZ
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....