Unicode
ရှီရှန်း သူ့ကိုလွှတ်ပေးလိုက်တဲ့အချိန်မှာ လင်းယွဲ့ရဲ့မျက်နှာက ချစ်စရာကောင်းစွာနီရဲနေတယ်
သူ့အပေါ်မှာ ရှိနေတဲ့ အမျိုးသမီးက သူ့ကို ပြုံးပြတယ် "ဒါက မင်းရဲ့ ဆွဲဆောင်မှုရှိလွန်းနေတဲ့ရုပ်ရည်ကိုပဲ အပြစ်တင်ရမှာပဲ..ငါ့ကိုယ်ငါ မထိန်းလိုက်နိုင်ဘူး.."
လင်းယွဲ့ရဲ့ မျက်နှာက ပိုလို့တောင် နီရဲလာပြီး သူမကို အရှက်သည်းစွာတွန်းထုတ်လိုက်တယ်
"ဟားဟားဟား.." ရှီရှန်းက မြေကြီးပေါ်မှာထိုင်ရင်း အသဲအသန်အော်ရီတော့တယ်
လင်းယွဲ့ကသူမကို စိုက်ကြည့်လိုက်ပြီး ဘာမှပြောမနေတော့ဘဲ ကျောင်းတော်မျှော်စင်ဆီကို သွားလိုက်တယ်
'သူမကို တွန်းမထုတ်လိုက်တဲ့အပြင် ငါကတောင် ပြန်နမ်းလိုက်သေးတယ် '
လင်းယွဲ့က ကိုယ့်ပါးကို ရိုက်ပစ်ချင်စိတ်တွေပေါ်လာတယ်
လင်းယွဲ့က ကိုယ့်နှုတ်ခမ်းကိုယ် ပြန်စမ်းမိသွားတယ် အဲ့ဒီမှာ သူမရဲ့ အနံ့အသက်နံ့အသက်နဲ့ အနွေးဓာတ်တွေ ရှိနေတုန်းပဲ
လင်းယွဲ့က နှုတ်ခမ်းကို ဝတ်ရုံလက်စနဲ့ ပွတ်သုတ်ပစ်လိုက်ချင်ပေမယ့် အဆုံးမှာတော့ မလုပ်ခဲ့ဘူး..
'တော်ပြီ..မစဉ်းစားနဲ့တော့..'
သူက မျှော်စင် တတိယထပ်ကို သွားလိုက်တယ် အဲ့ဒါက စာကြည့်တိုက်သဘောမျိုးဖြစ်ပြီး နံရံပေါ်ကစင်တွေမှာ တစ်လက်မမကျန် စာအုပ်တွေအများကြီးရှိနေတယ် လင်းယွင်က စာအုပ်စင်တစ်စင်ကို ဦးတည်လိုက်ပြီး ဘူးတစ်ခုကိုယူလိုက်တယ်
သူက ခနလောက်စဉ်းစားပြီးတဲ့နောက်မှာ ဘူးကိုဖွင့်ပြီး အထဲက သားရေအိတ်ကို ထုတ်ယူလိုက်တယ် သူက နည်းနည်းမှတောင် တုန့်ဆိုင်းမနေတော့ဘဲ အိတ်ထဲက စာကို ဖွင့်ဖတ်လိုက်တယ်
"နှလုံးသားစေရာကိုလိုက်ပါ.."
'နှလုံးသားစေရာကိုလိုက်ပါ?..ဆရာက ငါ့နှလုံးသားစေရာအတိုင်းလိုက်ဖို့ပြောတယ်..ဒါပေမယ့်..'
ရှီရှန်းက စာရွက်ကို ခပ်တင်းတင်းဆုပ်ပြီး ပြတင်းပေါက်ကနေတစ်ဆင့်အောက်မှာ ထိုင်နေတဲ့ ရှီရှန်းကို လှမ်းကြည့်လိုက်တယ် သူမက သူ့ကိုပြုံးပြနေပေမယ့် မျှော်စင်ထဲကို လိုက်ဝင်လာမယ့် အမူအရာတော့မရှိဘူး..
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....