Arc 11.19

4.1K 528 9
                                        

Unicode

လင်းယွဲ့က အခြားအခန်းတွေကို သွားစစ်ကြည့််ပေမယ့် အားလုံးက မိုးယိုနေကြတာတွေချည်းပဲ..

အရင်တုန်းကဆိုရင် ဆရာကပဲ ကျောင်းဆောင်ရဲ့အခြေအနေတွေကို ထိန်းသိမ်းပြီး အမိုးပြင်တာတွေကအစ တာဝန်ယူတာမို့လို့ လင်းယွဲ့က အခုလိုအခြေအနေကို သတိမပြုမိခဲ့ရဘူး..

အခုလို မှောင်မှောင်မဲမဲ မိုးရွာနေတဲ့အချိန်ကြီး တောင်အောက်ကိုဆင်းဖို့လည်း မလုံခြုံဘူး..

"ဆရာတူညီလေးရဲ့အခန်းက မိုးလုံတယ်..အမတ်ချုပ်အဲ့ကို သွားအိပ်လိုက်ပါ.."

လင်းယွဲ့ကမိုးယိုနေတဲ့နေရာကို ရှောင်ပြီး ကုတင်ဘေးကိုလျှောက်သွားတယ်

ရှီရှန်းက စောင်အစိုကိုပိုက်ပြီး ကုတင်ပေါ်မှာ ထိုင်နေတယ် မိုးရေတွေစိုနေတာကြောင့် သူမရဲ့ ဝတ်ရုံက အသားမှာကပ်နေတယ်

"မင်းကဘယ်မှာအိပ်မှာလဲ.."

"ကျွန်တော် ဒီမှာအိပ်မယ်.." လင်းယွဲ့က ရှီရှန်းထိုင်နေတဲ့ ကုတင်ကို လက်ညှိုးထိုးပြလိုက်တယ် တစ်ညလောက်တော့ သူ ဒုက္ခခံလိုက်လို့လည်းဖြစ်တယ်..

"အဲ့ဒါဆို ငါလည်း ဒီမှာပဲ အိပ်မယ်.."

လင်းယွဲ့"....." 'အိပ်ရာက တစ်ခြမ်းပဲ မိုးလုံတာလေ..ကျန်တဲ့တစ်ခြမ်းက မိုးရေတွေရွှဲနေပြီ..'

"အဲ့ဒါဆိုရင် ကျွန်တော် ဆရာတူညီလေးရဲ့ အခန်းမှာ သွားအိပ်မယ်.."

'ကောင်းပြီ..သူ မသွားလည်း ငါပဲသွားမယ်..'

"ငါလည်း လိုက်ခဲ့မယ်.." ရှီရှန်းက သူမရဲ့စောင်အစိုကိုပိုက်ပြီး ထရပ်လိုက်တယ်

"အမတ်ချုပ်..ယောက်ျားနဲ့မိန်းမကြားမှာ သင့်တော်တဲ့အကွာအဝေးတစ်ခုခြားသင့်တယ်.."လင်းယွဲ့က *သင့်တော်တဲ့အကွာအဝေး*ဆိုတဲ့စကားလုံးကို ဖိပြီး အံကြိတ်ကာ ပြောလိုက်တယ်

ရှီရှန်းက ခေါင်းကိုစောင်းလိုက်ပြီး အပြစ်ကင်းတဲ့အမူအရာနဲ့ပြောလိုက်တယ် "ငါ မင်းကိုဘာမှမလုပ်ပါဘူး..တစ်ကုတင်ထဲအိပ်လိုက်တော့ ဘာဖြစ်သွားမှာမို့လို့လဲ..နောက်ပိုင်း ငါ့အိမ်တော်ထဲကို ဝင်လာပြီးရင်လည်း ငါနဲ့တစ်ကုတင်ထဲအိပ်ရမှာပဲလေ..ဒီညကို လေ့ကျင့်တယ်လို့ပဲ သဘောထားလိုက်ပေါ့.."

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Место, где живут истории. Откройте их для себя