Unicode
"အပြင်မှာတစ်ယောက်ယောက်ရှိလား"
ရှီရှန်း ကသူ့ကိုတတ်နိုင်သမျှပုံမှန်လေသံနဲ့မေးလိုက်တယ်လင်းယွဲ့ကချက်ချင်းခေါင်းခါပြတယ်
ရှီရှန်း ကချက်ချင်းအိတ်ကြီးကိုအထဲပစ်ထည့်ပြီးတံခါးပိတ်လိုက်တယ်
လင်းယွဲ့"....."
'သူကဒီမှာဘာလုပ်နေတာလဲ'"တစ်ယောက်ယောက်မင်းကိုအနိုင်ကျင့်သေးလား"
ရှီရှန်း ကအိတ်မှာချည်ထားတဲ့ကြိုးကိုဖြည်နေရင်းနဲ့ လင်းယွဲ့ကိုမေးတယ်"မရှိဘူး"
သူဒီကိုဝင်လာတဲ့အချိန်ကတည်းကလူအချို့က သူ့နောက်ကွယ်ကနေသူ့ကိုကာကွယ်ပေးနေကြတယ်ဆိုတာသူခံစားမိတယ် အဲ့လူတွေအားလုံးကသေသေချာချာပုန်းကွယ်နေကြပြီးသူအခက်တွေ့စရာကိစ္စပေါ်မလာသရွေ့ ထွက်မလာကြဘူး
ဧကရီကတော့ သူ့ကိုကာကွယ်ဖို့ လူလွှတ်မယ့်သူမဟုတ်တာကြောင့် သူ့တို့ကိုအမိန့်ပေးထားတဲ့သူကအမတ်ချုပ်ပဲဖြစ်နိုင်တယ်
"ကျေးဇူးတင်ပါတယ်"
"တကယ်ကြီးလား ကျေးဇူးပြုပြီး ရုတ်တရပ်ကြီး မ ယဉ်ကျေးလိုက်ပါနဲ့"
ရှီရှန်း ကတိုးတိုးလေးပြောတယ်
သူမဆက်ပြီးအထုပ်ကိုဖြည်နေတုန်းပဲလင်းယွဲ့တစ်ယောက်အိတ်ထဲက ပါဝင်ပစ္စည်းကိုမြင်တော့ဘာလိုအမူအရာပြရမှန်းမသိဖြစ်သွားတယ်
'သူမ တစ်ကယ်ကြီးအိမ်ရှေ့စံကိုအိတ်ထဲထည့်ပြီးငါ့အဆောင်ကိုယူလာတယ်
ဒါကြီးကတော့အတော်ကိုသတ္တိရှိလွန်းသွားတာပဲ'
ရှီရှန်း ကအိမ်ရှေ့စံရဲ့ပါးစပ်ကိုအဝတ်စနဲ့စည်းထားပြီးကြိုးချည်ထားတယ်
ဝှစ်ခ်ျ!
ရှီရှန်းလင်ကောက်ဝတ်ကို လှည့်လိုက်တာနဲ့ အေးစက်ပြီးပြောင်လက်နေတဲ့ဓားတစ်ချောင်းပေါ်လာပြီးတော့အိမ်ရှေ့စံရဲ့လည်ပင်းပေါ်ကို ရောက်သွားတယ်
လင်းယွဲ့"....."
'လက်နက်တွေကို နန်းတော်ထဲ ယူလာခွင့်မရှိဘူးလေ သူမဘယ်လိုဖွက်လာတာလဲ'
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....