Arc 12 Extra

4.8K 585 22
                                    

Unicode

ကုယန် က ညစာစားပွဲတစ်ခု တက်ရောက်ခဲ့ရတာ​ကြောင့် တော်တော်မူးနေခဲ့တယ်
အဲ့လို​ကြောင့်လည်း သူကျောက်ချန် ကို၀င်တိုက်မိခဲ့တာဖြစ်တယ်

သူမကဘယ်သူလဲ..အိုး...သူ့ကုမ္ပဏီကျဆုံးမတတ်ဖြစ်​နေတဲ့အချိန်မှာ အခြားတစ်ယောက်နဲ့ထွက်ပြေးသွားတဲ့အမျိုးသမီးပဲ...
နောက်တော့သူမသူတို့ချိန်းတွေ့နေတုန်းအခြားယောက်ျားတွေနဲ့တွေ့​နေခဲ့တာကိုသူသိခဲ့တယ်..

​ကျောက်ချန်ဟာ ခမ်းနားထည်ဝါတဲ့ အဝတ်အစား​တွေ..သေသပ်တဲ့မိတ်ကပ်ပြင်ဆင်မှု နဲ့ ဒီဇိုင်းနာလက်ကိုင်အိတ်တို့ကို ၀ တ်ဆင်ထားတယ် သူမရဲ့လက်မောင်းကလည်း အမျိုးသားတစ်ယောက်နှင့်ချိတ်ထားတယ်
"ကုယန် ရှင့်ကိုယ့်ရှင်ကြည့်ပါအုံး... " ကျောက်ချန်ရဲ့ လှောင်ပြောင်မှုအပြည့်ပါသောအသံက သူ့နှလုံးသားထဲကို ထိုးနှက်နေသောဆူးလို စိတ်တိုစရာ ​ကောင်းလှတယ်

ကုယန်က သူ့ကိုယ်သူမတ်တတ်ရပ်နေရန်ဖိအားပေးလိုက်တယ်
"ကျောက်ချန် ...ငါမင်းအ​ပေါ် တော်တော်လေး​ကောင်းခဲ့တယ်လို့ငါယုံတယ်  .ငါတို့လမ်းခွဲပြီးပြီပဲ..မင်းကဘာလို့ငါ့ကိုဒီလောက်ရန်လိုနေရတာလဲ "

'သူမနဲ့ငါရဲ့ဆက်ဆံရေးကနှစ်တွေဘယ်လောက်ကြာခဲ့ပြီလဲ '

"​ကောင်းတယ်လား? ကုယန်..ရှင် ကျွန်မတို့ဈေးဝယ်ထွက်တိုင်း တစ်​ယောက်​ယောက်က ရှင့်ဖုန်းကိုအမြဲခေါ်နေလိမ့်မယ်..ကျွန်မ ရှင်နဲ့အတူ ထမင်းစားချင်တဲ့အခါတိုင်း ကျွန်မရှင့် ကိုတစ်ပတ်ကြိုတင်မှာထားရတယ်"

ကုယန် ​ဒေါသထွက်သွညးတယ်
သူတို့ဈေးဝယ်ထွက်တိုင်း သူမ၀ယ်သမျှအတွက် ​ငွေပေး​ချေဖို့သာသူ့ကိုလိုခဲ့တာမဟုတ်ဘူးလား
သူမ ​စျေးကြီးတဲ့ ဆိုင်​တွေမှာ တစ်ခုခုစားလိုတိုင်း သူ့ကို ​ငွေရှင်းဖို့​လောက်သာ ​ခေါ်ခဲ့တာ မဟုတ်ဘူးလား..

ကုယန်ရဲ့ အကြည့်​တွေ ရုတ်တရက်အေးစက်သွားတယ် သူ့နှုတ်ခမ်း​တွေလှုပ်သွားသော်လည်းသူဘာမှမပြော..ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဟာ အချိန်အတိုင်းအတာတစ်ခုထိ ပတ်သက်ခဲ့ဖူးသူ​တွေ မဟုတ်လား 

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Tempat cerita menjadi hidup. Temukan sekarang