Arc 14.8

3.7K 502 10
                                        

Unicode

ချင်ကောက ရှီရှန်းကိုတွေ့တာနဲ့ သူမနောက်လိုက်ပြီး ဆုံးမလေ့ရှိတယ် ဒီလို့နဲ့ပါမောက္ခ ချင်က ချောင်ချူးကို လိုက်နေပါတယ်ဆိုပြီး သတင်းတွေထွက်လာတော့တယ်

ရှီရှန်းက ရူးချင်စိတ်ပေါက်လာတယ် သူမထမင်းစားနေတာတောင် သူနဲ့ကဗျာဆန်ဆန်စားရမလို ဖြစ်နေတယ်

ရှီရှန်းက သူ့ကို စိုက်ကြည့်လိုက်တယ်
"ပါမောက္ခ ဒါက ကျောင်းသူတွေလာတဲ့ ကော်ဖီဆိုင်မှာ ရှင်သိက္ခာ ကျမှာမကြောက်ဘူးလား"

ချင်ကောက အေးအေးဆေးဆေး ထိုင်ချပြီးတော့ သူမနဲ့မျက်နှာချင်းဆိုင်ပြုလိုက်တယ်
"မင်းဘယ်တော့ ငါ့အတန်းကိုတက်မှာလဲ"

"ဘာလို့ကျွန်မကို ရှင့်အတန်းပဲ တက်စေချင်နေတာလဲ ကျွန်မကိုအတညိကြီးကြိုက်နေတာလား ဒီမှာတစ်ခါတည်းရှင်းရှင်းပြောမယ်နော် ဆရာနဲ့တပည့်အချစ်ဇာတ်လမ်းဆိုတာ ဘယ်တော့မှ ကောင်ကောင်းအဆုံးသတ်တာမဟုတ်ဘူး ရှင်ကကျွန်မထက်စာရင် အသက်ကြီးနေပြီ ကျွန်မတို့ပျော်ပျော်ရွှင်ရွှင်နေနိုင်မှာ မဟုတ်ဘူး"

ချင်ကောက သူမအမှားကို အမှန်ပြင်ပေးလိုက်တယ်
"ငါက ၂၄နှစ်ပဲ ရှိပါသေးတယ်"

ရှီရှန်း"....."
'အဲတာက အရေးကြီးနေတာမဟုတ်ဘူး ရှင်ကဘာလို့ကျွန်မနားမှာပဲ ဝဲလည်လည်လုပ်နေရတာလဲ'

"ငါ့ကျောင်းသားတွေထဲက တစ်ယောက်မှ စာမေးပွဲကျမှာမလိုလားဘူး"
ချင်ကောက သူမကို ရှင်းပြတယ်

ရှီရှန်း"...."

''မင်းဘာလို့ ငါ့အတန်းကို အဲလောက်ထိမတက်ချင်တာလဲ"

'အကြောင်းပြချက်လေးတော့ ရှိသင့်တယ်မလား'

ရှီရှန်းက အကြည့်လွှဲလိုက်တယ်
"လူများလို့"

'သူငါ့အတွက်နဲ့ ရှိသမျှကျောင်းသားတွေ ကန်ထုတ်မှာမဟုတ်ဘူး'

အမှန်တရားက သက်သေပဲ သူမအတွက်နဲ့ ကျောင်းသူတွေကို နှင်မထုတ်ပေမယ့် အခြားနည်းလမ်းတစ်ခုသုံးခဲ့တယ်

"မင်းကိုငါ တစ်ယောက်တည်းသင်ပေးနိုင်တယ်"

"သီးသန့်သင်ပေးမယ်"

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now