Arc 12.34

3.2K 540 24
                                    

Unicode

​ယောင်ချင်က ရှီရှန်းက မကြာ​သေးခင်ကမှ ရှန့်ရှီGroup ရဲ့ CEO ဖြစ်လာတာကို မကြာ​သေးခင်ကမှ သိခဲ့ရတယ်

"CEO ရှန်း.. တို့ကို ခန​နေရင်ဈေးဝယ်လိုက်ပို့မ​ပေးချင်ဘူးလား "

"အိုး? အချစ်က​လေးမှာ လိုချင်တဲ့ အရာတစ်ခုခုရှိလို့လား "  ရှီရှန်းက မျက်ခုံးပင့်ပြလိုက်တယ်

ယောင်ချင်က ရှက်ကိုးရှက်ကန်း​ပြောတယ် "ငါ့ရင်ဘတ်က ထပ်ပြီးကြီးလာပြန်ပြီ..အဲ့ဒါကြောင့် ငါ အတွင်းခံ အသစ်တွေလိုတယ်"

ရှီရှန်းရဲ့ အကြည့်က ယောင်ချင်ရဲ့ ရင်ဘတ်ကို ​ရောက်သွားတယ်
"နင်ဘာကြည့်နေတာလဲ?" ယောင်ချင် ကသူ့ကိုယ်သူလက်နှစ်ဘက်နဲ့အုပ်လိုက်တယ်

ရှီရှန်ကခေါင်းယမ်းလိုက်တယ်

ကော်ဖီဆိုင်မှထွက်သွားပြီးတာနဲ့ ​ယောင်ချင်က သူမအနားမှာအတွေ့အကြုံရင့်ကျက်တဲ့လက်တစ်စုံရှိနေခြင်း ခံစားချက်ကိုသိလိုက်ရတယ် ...

ယောင်ချင်က Bra၀ယ်ဖို့တကယ်သွားခဲ့တယ် ဒါပေမယ့်သူမကငယ်ရွယ်နုပျိုတဲ့မိန်းကလေးတွေ ၀တ်ဆင်လေ့ရှိတဲ့ပန်းရောင်၊ ဇာအမျိုးအစားတွေကို ပဲကြိုက်တယ်
ရှီရှန်းက မျက်နှာပူလာတယ် 'နင်က တက္ကသိုလ်ရောက်နေပြီ... မူလတန်းကျောင်းသူမဟုတ်​တော့ဘူး'

"ငါဒီ​လောက်ပဲ အရင်၀ယ်ထားချင်တယ်"
ယောင်ချင်က ငွေပေးချေဖို့ ကောင်တာကို သွားခဲ့တယ်

အ​ရောင်း၀န်ထမ်းက အရာအားလုံးကိုအိတ်တစ်လုံးထဲသို့ထည့်​ပေးလိုက်ပြီး ယောင်ချင်ကို နွေးထွေးယဉ်ကျေးသောအမူအရာနဲ့ ပြောလိုက်တယ် 
"ဒီမိန်းက​လေးက မင်းအတွက်ငွေပေးပြီးပြီ "

ယောင်ချင်က ရှီရှန်းဆီကို တောက်ပတဲ့အပြုံးနဲ့အပြေးအလွှားသွားခဲ့တယ်
"CEO ရှန်း...ရှင့်အိပ်ရာကို အ​နွေးဓါတ်​ပေးဖို့ လူလို​သေးလား"

"ဟင့်အင်း"
ရှီရှန်းက သူမဖတ်နေတဲ့ မဂ္ဂဇင်းကိုချလိုက်တယ်
"ပြီးပြီဆိုရင် သွားရအောင်"
ယောင်ချင်က သူမရဲ့လက်မောင်းကို  ရှီရှန်းနှင့်သဘာဝကျကျ ချိတ်လိုက်တယ် "နင့်ရဲ့ ရည်းစားအရူး​​ကောင်က​တော့ ကံကောင်းတာသေချာတယ်..ဟင့်...ငါသာယောက်ျားလေးဖြစ်ခဲ့ရင်.. "
ရှီရှန်းက သူမရဲ့လက်မောင်းကိုတစ်ချက်ငုံ့ကြည့်လိုက်တယ်  ဒါပေမယ့် ​ယောင်ချင့်ဆီက​နေ ရုန်းထွက်မယ့်အစား သူမကသဘာ၀ကျကျ ဆက်လျှောက်လာခဲ့တယ်

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now