Arc 14.12

3.3K 459 3
                                    

Unicode

"ဘာအန္တရာယ်ရှိတာလဲ, တစ်ညတာတူတူကုန်ဆုံးရတာကို ပြောတာလား"

ချင်ကောက အစကရှီရှန်းကိုနည်းနည်းပါးပါးခြောက်လိုက်ချင်ရုံပဲ ဒါပေမယ့်သူကတော့ အရှက်မရှိတဲ့စကားကို သူပြန်ရလိုက်တယ်

'မိန်းကလေးတစ်ယောက်က ဘယ်လိုဖြစ်ပြီး ဒီလိုစကားတွေထွက်လာရတာတုန်း'

ချင်ကောက သူ့ကိုမယုံနိုင်တဲ့အကြည့်တွေနဲ့အတော်ကြာစိုက်ကြည့်နေတယ်

"မင်း ဒီကို ဘာလာလုပ်တာလဲ"

ရှီရှန်းက သူ့နားကိုကပ်လာပြီးလက်တွေကို ကိုင်လိုက်တယ် ပြီးတော့ပြုံးပြတယ်

"ပါမောက္ခ..".

ချင်ကောက မျက်မှောင်ကြုတ်ပြီး သူမကိုကြည့်နေတယ်

"ဘာတုန်း"

"ကျွန်မလက်ကို ခနလောက်ကိုင်ထားပေးပါလား"

ရှီရှန်းက အချက်ကျကျပြောလိုက်တယ်

ချင်ကော"....."

'အဲတော့ ညလည်ခေါင်ကြီးမှာ ပြတင်းပေါက်ကနေဖြတ်ဝင်လာပြီးတော့ အိမ်မှာစောင့်နေရတဲ့အကြောင်းအရင်းက လက်ကိုင်ဖို့ပေါ့ ဟုတ်လား'

"ပြီးရင်တော့ ကျွန်မပြန်ပါ့မယ်"

ရှီရှန်းက ဖြည့်ပြောတယ်

ချင်ကောက သူမလက်ကို ကိုင်လိုက်တယ် သူမလက်လေးတွေက အရမ်းသေးပြီးတော့ နူးနူးညံညံ့လေးဖြစ်နေတယ် 

ရှီရှန်းက ဝိညဥ်စွမ်းအင်ကို သူ့ခန္ဓာကိုယ်ထဲ ထည့်ပေးဖို့လုပ်တယ် တစ်ချိန်တည်းမှာပဲ သူမအမူအယညကပြောင်းသွားတယ်

'စွမ်းအင်က ဝင်မသွားဘူး, ဘယ်လိုဖြစ်တာလည်း? သူကဖုန်းစီမဟုတ်ဘူးလား?'

ရှီရှန်းက ထပ်ပြီးကြိုးစားကြည့်တယ် ဒါပေမယ့်ရလဒ်က အတူတူပဲ သူ့ခန္ဓာကိုယ်ထဲကအရာတစ်ခုက စွမ်းအင်ကိုတားနေတယ်

ချင်ကောက သူ့ရှေ့ကကောင်မလေး စိတ်ညစ်နေတာကို မြင်ပြီးသံသယတွေများလာတယ်

'လက်လေးကိုင်ရုံနဲ့ ဒီကောင်မလေးမျက်နှာက ပြောင်းလွယ်တာလား'

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Nơi câu chuyện tồn tại. Hãy khám phá bây giờ