Unicode
ရှီရှန်းက လွီရော့နှင့်သူမ၏systemက သူမမှာ spaceရှိနေကြောင်း တွက်ဆနေကြသည်ကို မသိပေ။
ယခုအချိန်တွင် ရှီရှန်းသည် ရှောင်ဟေး ၏လည်ပင်းကို ဆုပ်ကိုင်ထားပြီး နောက်တစ်ကြိမ် ပြုံးပြုံးလေး မေးလိုက်သည်
"နောက်ထပ် အခွင့်အရေး တစ်ခုပေးမယ် မင်းကို ဘယ်သူက အမိန့်ပေးတာလဲ"
မကြာသေးမီကပင် ရှောင်ဟေးတစ်ယောက် နှိပ်စက်ခံခဲ့ရပြီး ယခု ရှီရှန်းသည် သူမ၏လည်ပင်းကို ဖြစ်ညှစ်ထားသည့်အချက်ကို ပေါင်းထည့်လိုက်ရာ သူမ၏မျက်နှာ နီမြန်းလာပြီး အသက်ရှုရခက်လာသည်။
ရှောင်ဟေး၏ မှုန်ဝါးသော အမြင်အာရုံတွင်သူမကို လည်ပင်းညှစ်ထားသည့် အမျိုးသမီးမှာ တောက်ပသောအပြုံးနှင့် အေးဆေးသော မျက်လုံးများကို ပန်ဆင်ထားစဲဖြစ်သည်။
ရှောင်ဟေးသည် ရှီရှန်း၏ အကြည့်ကိုတွေ့သောအခါ သူမကိုယ်သူမ ချောက်ကမ်းပါးတွင် တွယ်ကပ်နေရပြီး သတိမထားမိပါက အောက်ခြေမရှိသောချောက်ထဲသို့ ပြုတ်ကျတော့မလို ခံစားလိုက်ရသည်။
ရှီရှန်းသည် တော်၀င်အစောင့်များ၏ ဝိုင်းရံထားခြင်းကိုခံနေရသော်လည်း ၎င်းတို့အား လေကဲ့သို့ပင် သဘောထားကာ သူမအား အသက်အန္တရာယ်ပေးမည်ကို လုံးဝ မကြောက်ပေ။
'သူမသေရမှာ မကြောက်ဘူးလား?'
ဒီအတွေးက ရှောင်ဟေးရဲ့စိတ်ထဲမှာ ပေါ်လာပေမယ့် ကြာကြာဆက်မတွေးနိုင်ဘဲ ရေထဲက ငါးတစ်ကောင်လို ပါးစပ်ကိုဖွင့်ပြီး အသက်ရှူဖို့ မနဲရုန်းကန်နေရသည်။သူမ၏ အဆုတ်အတွင်း အောက်ဆီဂျင် လျော့နည်းလာသည်။
"စိတ်မပူပါနဲ့ မင်းသေရင် မင်းရဲ့မောင်လေးဆီကို ငါ သေချာပေါက်သွားပေးမယ်"
ရှီရှန်းက ခေါင်းငုံ့ကာ ရက်စက်စွာပြောလိုက်သည်။"မဖြစ်ဘူး…"
'သူက ငါ့ရဲ့ တစ်ဦးတည်းသော မိသားစုပဲ— သူ့ကို သေစေလို့ မရဘူး လူတိုင်းက ငါ့ကို ခြိမ်းခြောက်ဖို့ သူ့ကို ဘာလို့သုံးနေကြတာလဲ ငါတို့က ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ရုံလေးပါ ဘာကြောင့် ဒီလောက်ခက်ခဲရတာလဲ'
VOCÊ ESTÁ LENDO
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....