Unicode
အများစုကငြိမ်ပြီး နယ်မြေကိုစူးစမ်းလေ့လာနေကြချိန်မှာ အချို့ကတော့ အရင်ဆုံး တောင်ပေါ်တက်သွားကြတယ်
မွန်းလွဲပိုင်းလောက်မှာတော့ တောင်ပေါ်မှာပြင်းထန်တဲ့ပေါက်ကွဲမှုတစ်ခုဖြစ်သွားခဲ့တယ်။
ပထမပေါက်ကွဲမှုပြီးတော့ မကြာခင်မှာပဲ နောက်တစ်ကြိမ်ထပ်မံပေါက်ကွဲခဲ့ပြီး တောင်ကုန်းတစ်ခုလုံးတုန်ခါသွားကာ စတင်ပြိုလဲကျသွားတော့တယ်လူတွေအားလုံးထိတ်လန့်တကြားနဲ့ထွက်ပြေးကုန်ကြတယ်။
တိတောင်ကုန်းဟာ ပင်လယ်တစ်ဖက်နှင့်ထိစပ်နေတာကြောင့် အပျက်အစီးအများစုက ပင်လယ်ထဲကို လျှောကျသွားတယ် ဒါပေမယ့် လူတွေရှိတဲ့ဘက်ကို လိမ့်ဆင်းလာနေတဲ့ ကျောက်တုံးကြီးတွေလည်း ရှိသေးတယ်ဒါက လုံး၀မျှော်လင့်မထားမိတဲ့ ဘေးဆိုးတစ်ခုရဲ့ နမူနာတစ်ခုဖြစ်နိုင်တယ်။
သူတို့ရဲ့အစပြုမှုဟာ တကယ်မစခင်မှာပဲပြီးဆုံးသွားခဲ့ပါတယ်။
ဖူယိယွင် နဲ့ လျှို့ရွှီ တို့က တောင်ပေါ်ကို မတက်ခဲ့ကြဘဲ စခန်းရဲ့အစွန်အဖျားမှာရှိနေခဲ့တယ်
ပေါက်ကွဲသံတွေကြားရပြီး မြေကြီးတွေတုန်လှုပ်လာတာနဲ့ ဖူယိယွင်က လျှို့ရွှီကို သူနဲ့အတူခေါ်ပြီး ပေါက်ကွဲမှုကိုအောင်မြင်စွာရှောင်ရှားနိုင်ခဲ့တယ်"အစ်ကိုကြီးယိယွင် ... " လျှို့ရွှီရဲ့မျက်နှာက ကြောက်ရွံ့မှုတွေအပြည့်နဲ့ ဖျော့တော့နေတယ်
"ဘာလို့ပေါက်ကွဲတာလဲ"ဖူယိယွင် က သူမကို နှစ်သိမ့်တဲ့အနေနဲ့ သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး ပြိုကျနေဆဲတောင်နဲ့ အဝေးကိုဦးတည်နေတယ်
'ဒီတောင်ကြီးကိုဖောက်ကွဲဖို့အတွက်ယမ်းမှုန့်ဘယ်လောက်တောင် လိုမှာလဲ'
ရှီရှန်းရဲ့လက်ချက်ကြောင့် သိုင်းလောက ရှိလူအတော်များများသေဆုံးနေပြီးဖြစ်တဲ့အပြင် ဒီပေါက်ကွဲမှုကြောင့် အလင်းဂိုဏ်းတွေရဲ့ အင်အားကိုပိုမိုကျဆင်းလာစေခဲ့တယ်
နတ်ဆိုးဂိုဏ်းဟာတော့ ပုန်းလျှိုးကွယ်လျှိုးလုပ်မနေတော့ဘဲ သူတို့ရဲ့ အသင်းအဖွဲ့ကိုပြောင်ပြောင်တင်းတင်းတိုးချဲ့လာတယ်
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....