Unicode
ရှီရှန်းက ဒါကသက်သက်မဲ့အကျင့်ယုတ်တာလို့ကို ခံစားနေရတယ်
'ဖြစ်နိုင်ရင်ညsystemကိုအပိုင်းပိုင်း ခုတ်ချင်တယ် ဘယ်လိုဇာတ်ကြောင်းမှန်းကိုမသိဘူး ဘာလို့ငါက ဇာတ်လိုက်မကို ထောက်ပံနေရတာလဲ, ဘာလို့အနောက်ခံအကောင်းစားလိုနေရတာလဲ ငါ့ဘဝကိုအေးအေးချမ်းချမ်းလေးပဲ ဖြတ်သန်းခွင့်မပြုနိုင်ဘူးလားဟ'
[Host လူတိုင်းက သူတို့ရဲ့မိသားစုနဲ့နောက်ခံရှိပြီးသားပါ မူလဇာတ်ကြောင်းမှာက ရှန်းရှက သာမာန်ရှယ်ယာလေးတွေကို ပဲလက်လွှဲယူခဲ့တာ ပြီးတော့လုပ်ငန်းကလည်းအမြဲတမ်းလက်လွှဲယူနေကြတာဆိုတော့ဘယ်သူမှ ဂရုမစိုက်မိကြဘူး အဲတာကြောင့်ရှန်းရှက သာမာန် ချမ်းသာတဲ့မိန်းကလေးပုံစံကို ရနေခဲ့တယ် ဒါပေမဲ့ hostကတော့ ဇစ်မြစ်ကို ဆွဲထုတ်နေတာကြောင့်နည်းနည်းတော့ကွာခြားရတာပေါ့..]
'ငါ့ iqကို လာစမ်းနေတာပေါ့ဟလား!!'
"ဦးလေး ကု, ဒီကိစ္စမှာ ဘေးဖယ်နေကြပါ, သမီးဘာသာဖြေရှင်းမယ်"
ကုရန်က ရုတ်တရပ်မင်သက်သွားတယ်
"မင်းလို ပေါက်စလေးက ဘာလုပ်နိုင်မှာမို့လို့လဲ မင်းကို လူရှေ့ထုတ်ပြရတာကိုတင်ငါရင်မောနေပြီ"
အရိပ်ထဲမှာပုန်းနေတဲ့လူတွေမသိအောင်ကို သူတို့က လုပ်ဖို့ကြံရွယ်ထားနေပြီ
သူက သူမကို သူနဲ့အတူခေါ်ပြီးထွက်သွားဖို့လုပ်ပြီးသား ဒါပေမဲ့သူ့လှုပ်ရှားမှူတိုင်းက အမြဲတမ်းစောင့်ကြည့်ခံနေရတယ်ယွီရှင်းရွှမ် ဘက်ကအခြေအနေကပိုကောင်းပေမယ့် နိုင်ငံခြားကို ထွက်သွားတာက စောင့်ကြည့်နေတဲ့သူတွေကိုအချက်ပြသလိုဖြစ်နေလိမ့်မယ်
အဲဒီလူတွေက သူတို့အပေါ်နှစ်နှစ်ကျော်တောင်စောင့်ကြည့်လာတယ်ဒါပေမဲ့ဘာမှ မလုပ်တာကိုကြည့်ခြင်းအားဖြင့် သူတို့မှာ ရှန်းရှကိုသတ်ဖို့အစီအစဥ်မရှိဘူးဆိုတာသေချာတယ်
အဲ့လူတွေက မသေမချင်းတော့ သူတို့လုပ်နိုင်တာကိုလုပ်နေဦးမှာပဲ
"ဦးလေးကု, ကျေးဇူးတင်ပါတယ် ဒါပေမဲ့ သမီးအတွက်အကောင်းဆုံးဖြစ်စေချင်တယ်ဆိုရင် ဒီကိစ္စမှာ ဦးလေးတို့ထပ်ပြီးဝင်မပါသင့်တော့ဘူး သမီးကိုယုံပါ သမီးက ဦးလေးတို့ထင်ထားတာထက်ကို ပိုတော်ပါတယ်"
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....