Unicode
ရှီရှန်းက သူမကို ထီဆုအနေနဲ့ ကွန်ဒုံးတွေပေးလိုက်တဲ့ ကုန်သည်တွေကို အကြားအမြင်ရနေတယ်လို့တောင်ထင်သွားတယ် ဘာလို့လဲဆိုတော့ သူမအဆောင်ကနေ ကျောင်းကိုလာတဲ့ဂိတ်အတွင်းမှာ ညစ်ညစ်ပတ်ပတ် လုပ်နေတဲ့ စုံတွဲတွေမှ အများကြီးပဲ
ရှီရှန်းက သူမဘယ်နေရာသွားသွား ကွန် ဒုံးတွေကို သယ်သွားတယ် လေးလံနေတဲ့ ဘူလေးက သူမကျောင်းကိုရောက်တဲ့အချိန်မှာ တစ်ခုပဲကျန်တော့တယ် နောက်ဆုံးကျန်နေတဲ့တစ်ခုကို ဘယ်သူ့ပေးရမလဲလို့ သူမဘေးဘီကို အကဲခတ်ကြည့်တယ် ဒါပေမယ့်တစ်ယောက်မှမတွေ့တာကြောင့် အိတ်ကပ်ထဲပဲသိ.မ်းခဲ့လိုက်တယ်
သူမ ချင်ကောရဲ့ တိုက်ခန်းဆီကို တက်စီ စီးသွားတယ် အရင်တစ်ခေါက်ကလို နံရံပေါ်တက်ပြီး ပြတင်းပေါက်ကနေဖြတ်ဝင်မယ်လို့ ကြံစည်နေသေးတယ်
ဒါပေမဲ့ ဟိုကိုရောက်တဲ့အခါမှာ တော့သူမသိလိုက်ရတာက နံရံတွေက ဆေးတွေသုတ်ထားပြီးမခြောက်သေးဘူး
'ဟ.....သေရော, ဘယ်လို အင်ဂျင်နီယာတွေလဲ'
နံရံတွေက ချောမွေ့နေပြီးတော့ တွယ်တက်လို့ရမယ့် စူးညှောင့်တွေ တစ်ခုမှမရှိတော့ဘူး သူမအပေါ်ကို ပျံသွားဖို့ကြလည်း ဝိညဥ်စွမ်းအင်က မလုံလောက်သေးဘူး
သူမနံရံကို ကုတ်ခြစ်နေပြန်တယ်
"ငါမခံစားနိုင်တော့ဘူး.....system..ထွက်ခဲ့စမ်း စကားလေးဘာလေးပြောရအောင်"
[.......]
'ကျွန်တော်ကအပြစ်ကင်းတယ်နော်,ငါလေးခင်ဗျာ ဘာမှမလုပ်ထားတာတောင်ဘာလို့ အဲလောက်ကံမကောင်းရတာလဲ'
ဒီလို ပုံစံနဲ့ဆိုရင် သူမအနေနဲ့နံရံအပေါ်ကို ဓားနဲ့တက်မှပဲရမယ် ဒါပေမယ့် ဓားကလည်း အဆင့်မြှင့်နေတုန်းပဲ
သူမနံရံထောင့်နားလေးမှာ ထိုင်ချလိုက်ပြီးတော့ သိုလှောင်ခန်းထဲမှာ ပတ်ရှာနေတယ် ခနလောက်အကြာမှာ သူမလှေကားလေးတစ်ခုကို တွေ့လိုက်ရတယ် လှေကားနာမ်မည်က နည်းနည်းတော့ထူးဆန်းတယ် ကောလောဟာလအရဆို ဒီလှေကားက ကောင်းကင်ဘုံကို တက်နိုင်တယ်ဆိုပဲ
ဒါကအမှန်လား အမှားလားဆိုတာတော့ ရှီရှန်းမသိဘူး ဒါပေမယ့် နံရံကိုတက်ရင်တော့ပြဿနာမရှိဘူးဆိုတာသေချာတယ်
"ကောင်းကင်သို့တက်လှမ်းခြင်း"
ဒီလှေကားလေးက သူမလက်မအရွယ်ပဲရှိတယ်
'ဒီပိစိလေးကို ဘယ်လိုသုံရမှာလဲ ဂါထာတွေဘာတွေရွတ်ရဦးမလား"
"မာမီ....မာမီ...ဟုန်!! "
"ကြီးစေ....ကြီးစေ...ကြီးစေ....ဥံ..ဖွ"
လှေကားလေးကတော့ ဘာမှထူးမလာဘူး
'သူ့ကိုသွေးတိုက်ပြီး ငါ့ကိုသခင်အဖြစ်မှတ်ယူအောင်လုပ်ရမှာလား'
ရှီရှန်းက ဓားတစ်ချောင်းထုတ်ပြီး သူမလက်ထိပ်လေးကို လှီးလိုက်တယ် သွေးတစ်စက်ကျစေတယ်
ခနအကြာမှာ လှေကားထဲကိုစိမ့်ဝင်သွားတဲ့ ဝိညဥ်စွမ်းအင်ကို သူမခံစားမိပေမယ့် လှေကားက ဘာမှမပြောင်းလဲဘူး
'စွမ်းအင် မလုံလောက်လို့လား'
*တောက် *
'ငါ့ဓားလို ကြီးချင်တိုင်းကြီးမရပါလား"
"မင်းဘာလုပ်နေတာလဲ"
ရုတ်တရပ်ထွက်လာတဲ့အသံက သူမကိုလန့်သွားစေတယ် ရှီရှန်းက လှည့်ကြည့်လိုက်တယ် သူမကို ချင်ကောတစ်ယောက် စိုက်ကြည့်နေတယ်
သူမလက်ကို ဓားနဲ့ ထိလိုက်ကတည်းက. သူရပ်ကြည့်နေတာဖြစ်တယ်
#'ငါ့တပည့်က စိတ်သိပ်မမှန်ဘူးပဲ'#
"ပါမောက္ခချင်, မတွေ့ရတာကြာပြီနော်"
ရှီရှန်းက ခပ်မြန်မြန်လှေကားကို သိမ်းလိုက်ပြီး သူ့ကိုအပြုံးနဲ့ကြိုဆိုလိုက်တယ်
သူမကိုလျစ်လျူရှုပြီး တိုက်ခန်းအိမ်ရာဆီပဲ သူလျှောက်လာလိုက်တယ်
"ရှင် ဘာလို့အရမ်းနောက်ကျနေမှ အပြင်ထွက်ရတာလဲ"
ရှီရှန်းက သူ့နောက်ကနေလိုက်လာတယ်
'ငါ့ဘာသာ ဘယ်သွားသွားဘာလုပ်လုပ် နင်နဲ့ဘာဆိုင်နေတုန်း ငါ့အတန်းကြ လာမတက်ဘဲနဲ့ သူများကိစ္စကျ စပ်စုနေလိုက်....ဟမ့်'
"မင်းရော ဒီနားမှာဘာလုပ်နေတာလဲa'
ညသန်းခေါင်နီးနီးရှိနေပြီ
'ဒီနေရာမှာ လူမိုက်တွေနဲ့တွေ့မှာ သူမမကြောက်ဘူးလားမသိဘူး'
ပါမောက္ခချင်က စိတ်မသက်မသာဖြစ်နေတယ်
"ရှင့်ကို မျှော်နေတာလေ"
ချင်ကော "....."
သူနည်းနည်းလေးတော့ နေလို့ထိုင်လို့ကောင်းသွားတယ်
သူတို့အိမ်ရာကို ရောက်တဲ့အခါမှာ ချင်ကောက သူ့ကဒ်ကို ထုတ်ပြီးဖြတ်လိုက်တယ် ဝင်ပေါက်က လူတစ်ယောက်စာပဲ ရတာကြောင့် ရှီရှန်းက နောက်မှာ ပိတ်ကျန်နေခဲ့တယ်
သူမလည်း ကဒ်ဖြတ်သလိုဘာလိုလိုနဲ့ ခွပြီး ဝင်လာတယ်
ဂိတ်စောင့် "....."
'မိန်းကလေး ငါ့ကို မျက်မမြင်များထင်နေလား, ဟင်းခုခေတ်ကလေးတွေများ ရုပ်ချောချောလေးမြင်တာနဲ့ အတင်းကိုလိုက်ကပ်ကြတာပဲ'
"မစ္စတာ ချင်"
ဂိတ်စောင့်က ခပ်မြန်မြန်လျှောက်လာပြီး ရှီရှန်းကို ညွှန်ပြတယ်
"သူနဲ့သိတာလားမသိဘူး"
ချင်ကောက တစ်ကယ်ပဲ သူမကိုအပြင်ဆွဲထုတ်သွားစေချင်တယ် ဒါပေမယ့် သူကပေါ်တင်ကြီးတော့ဘယ်လိုပ်မလဲ တော်ကြာနံရံပေါ်တက်ပြီး သူ့ပြတင်းပေါက်ကနေ ဝင်လာဦးမှာ သူကြောက်တယ်
"သူမက ငါ့တပည့်ပါ, အဆင်ပြေပါတယ်"
"အော်... ဟုတ်ကဲ့ပါ"
'မျှော်လင့်ထားသလိုပဲ ပါမောက္ခကို ဒီလိုမျိုးအိမ်ပြန်လိုက်ပို့မယ် ကောင်မလေးချောချောလေးရှိနေတာပဲ'
ဂိတ်စောင့်က ပြန်ပြီးတော့ ဟိုဟိုဒီဒီ ပတ်ကြည့်နေတယ်
"ငါယုံကြည်တယ် သူဒေီလိုတွေးနေမှာ
'ပါမောက္ခကို လိုက်ပို့တဲ့ ကောင်မလေးချောချောလေးတွေရှိနေတာပဲ' ဆိုပြီး"
"မင်းအရေးမပါတာတွေ လုပ်နေမယ်ဆို ထွက်သွား"
ချင်ကောက သူမကို စိုက်ကြည့်လိုက်တယ်
ရှီရှန်းက အရှုံးပေးတဲ့အနေနဲ့ သူမလက်တွေကို မြှောက်ပြလိုက်တယ်
ချင်ကောရဲ့ အိမ်က အတော်လေးသန့်ရှင်းနေတယ် သူမနောက်ဆုံးတစ်ခေါက်က ဝင်ခဲ့တဲ့အချိန်ကို အမှတ်ရသွားတယ်
ဒါပေါ့ သူမသူ့အိပ်ခန်းကို မဝင်ခဲ့ပါဘူး ပြီးတော့ အဲ့ဒီနေရာက ကိုယ်ရေးကိူယ်တာလေ သူတို့က ဆက်ဆံရေးကအဲလောက်ကောင်းသေးတာ မဟုတ်ဘူး
ချင်ကောက နည်းနည်းသက်တောင်သြက်သာဖြစ်တဲ့ အဝတ်အစားတွေကို လဲပီးတော့ မီးဖိုချောင်ထဲဝင်သွားတယ် ပြီးတော့ ရှီရှန်းဘာလုပ်နေတယ်ဆိုတာ ဂရုမစိုက်ဘဲ ဟင်းချက်နေတယ်
မရှင်းပြနိုင်ဘဲ စိတ်ထဲက အလိုလို ယုံကြည်နေတဲ့သူတွေဆိုတာ ရှိတယ်..... သူတို့နဲ့သိပ်မရင်းနှီးပေမယ့်လည်း သူတို့ဘေးနားမှာရှိနေတာတောင် စိတ်အေးနေတာမျိုးကို ရေစက်လို့ခေါ်တယ်
ရှီရှန်းက တံခါးနောက်ကနေ ခေါင်ကြီးတိုးဝင်လာတယ်
"ပါမောက္ခ, ဘာလုပ်နေတာလဲ"
ချင်ကောက ပြန်မဖြေဘူး
"ကျွန်မလည်းနေ့လည်ကတည်းက ဘာမှမစားရသေးဘူး ပန်းကန်အကြီးကြီး တစ်လုံးနဲ့ အပြည့်စားချင်တယ်"
'ငါ့အိမ်ကို နင်မှာစားချင်သလို စားလို့ရမယ့် ဆိုင်များထင်နေလား'
ချင်ကောက မျက်မှောင်ကြုတ်လိုက်တယ်
'သူနေ့လည်ကတည်းက ဘာမှမစားရသေးဘူးဆိုတော့ ဘာတွေများလုပ်နေလို့လဲ'
ချင်ကောက ခေါက်ဆွဲပွဲသေးလေးတစ်ပန်းကန် သူမရှေ့ယူလာပေးတာကို ကြည့်နေတယ်
"ခေါက်ဆွဲလား....ဟင်းမလုံလောက်သေးဘူးနော်"
သူမတစ်ကယ် နေ့လည်ကတည်းက ဘာမှမစားရသေးဘူး ချန်းရှီနဲ့ အင်တာနက်ဆိုင်မှာ အချိန်အတော်ဖြုန်းမိသွားတယ် သူမဘယ်လိုလုပ်ပြီးစားမယ့်အချိန်ရှိပါ့မလဲ?
''အဲလောက်လေးလားလို့"
ချင်ကောက မီးဖိုချောင်ထဲပြန်ဝင်ဖို့အစီအစဥ်မရှိတာကိုတွေ့တဲ့အခါမှာ သူမမနေနိုင်ဘဲ မေးမိတယ်
"စားစားမစားစား မင်းကိစ္စပဲ"
ချင်ကောက ထိုင်ချလိုက်တယ် ပြီးတော့တူကိုစကိုင်ပြီး စားတော့တယ်
ရှီရှန်း "....."
'ဘယ်သူက နင်ကိုအထွန့်တက်ခိုင်းလို့လဲ ခံလိုက်ရပြီ'
ရှီရှန်းက ခေါက်ဆွဲကို မြည်းပြီးတဲ့အခါမှာ သူမ မျက်လုံးတွေ အရောင်လက်သွားတယ်
"ပါမောက္ခ က ဟင်းချက်တော်သားပဲ"
ချင်ကောကတော့ မကြားချင်ယောက်ဆောင်ပြီးဆက်စားနေတယ်
ရှီရှန်းက အသံမထွက်ဘဲ ခက်သွက်သွက်စားတယ်ချင်ကောက ခေါင်းမော့ပြီး သူမကိုတစ်ချက်တစ်ချက် ကြည့်နေရတယ်
ပန်းကန်လုံးက သေးနေတာကြောင့် အထဲမှာ ခေါက်ဆွဲသိပ်မပါဘူး ဒါကြောင့် ရှီရှန်းက မိနစ်အနည်းငယ်အတွင်းမှာစားလို့ပြီးသွားတယ်
သူမဗိုက်ဆာနေတုန်းပဲ ဒါပေမယ့်အရင်ထက်စာရင် နေလို့ကောင်းသွားပြီ
ချင်ကောက သူမပန်းကန်ကိုယူသွားတယ် သူဆေးကြောပြီး ပန်းကန်စင်ထဲသိမ်းလိုက်တယ်
သူပန်းကန်တွေ သိမ်းပြီးတဲ့အခါမှာ မီးဖိုပိတ်လိုက်တယ် ဆူနေတဲ့အိုးကို ချပြီး ဟင်းရှက်ခတ်တယ် ပြီးတော့ မိုက်ခရိုဝေ့ ထဲထည့်ပြီးအပူပြန်ပေးတယ်
ရှီရှန်းက စားပွဲနားထိုင်နေတုန်းဖြစ်ပြီးတော့ ဧည့်ခန်းရဲ့အပြင်အဆင်တွေကို ကြည့်နေတယ်
ချင်ကောက မဲမှောင်နေတဲ့ မျက်နှာကြီးနဲ့ သူမရှေ့ပန်းကန်ချပေးတယ်
"ဗိုက်ဆာသေးလို့လား"
သူမပန်းကန်ကို ယူပြီးဖြေတယ်
"ဆာသေးတယ်"
ဆန်ပြုတ် လုပ်ရတာက ကြာတာကြောင့် သးမကိုအဆာပြေစားဖို့အတွက် ခေါက်ဆွဲအသေးလေး အရင်လုပ်ပေးတာဖြစ်တယ်
"ပါမောက္ခက အတော်ဆုံးပဲ"
ရှီရှန်းက ဆန်ပြုတ်သောက်ရင်း ချီးမွမ်းနေတယ်
"မင်း ငါ့အတန်းကို အခုအချိန်ထိမတက်သေးဘူးလား"
ချင်ကောက သူမဖွထားတဲ့ ပန်းတွေကို ပန်းအိုးထဲပန်ထည့်နေတယ် ဆိုဖာပေါ်လည်း ဖွထားတာတွေမြင်တော့ သူမကို ကန်ထုတ်ချင်စိတ်ပေါက်လာတယ်
'ရှင်ပြောတတ်တာဆိုလို့....အတန်းတက်ဖို့ပဲလား မလုပ်ချင်ဘူး'
"ပါမောက္ခ ကျွန်မကို တစ်ယောက်တည်းသင်ပေးမယ်မလား"
ချင်ကော"....."
ရှီရှန်းက သူကဖုန်းစီမှန်းမသေချာသေးတာကြောင့် ငြင်းပယ်နေတုန်းပဲ
ချင်ကောက စပြောလိုက်တယ်
"နက်ဖြန်စကြတာပေါ့"
ရှီရှန်း"....."
'ဟမ်...နေဦး..နားထောင်ပါဦး ကျွန်မကစနေတာလေ....အတည်ကြီးမသင်ပါနဲ့.....ရှင်နောင်တရမယ်နော်'
ချင်ကောက သူမကိုနားထောင်နေတော့မှာမဟုတ်ဘူး သူမကိုယ်တိုင်က သူ့ဆီရောက်လာတာကြောင့် အပြစ်ပြောလို့မရဘူး
ရှီရှန်းထင်မိတာက အရင်တစ်ခေါက်ကလို သူမကို သူငြင်းဦးမယ်လို့ထင်မိတာဒါပေမယ့် ကိုယ့်ထောင်ချောက်ကိုယ်မိမယ်လို့သူမ မထင်ထားဘူး
'ကျွန်မကို လွယ်တာပဲသင်'
ဒါကိုတွေးမိပြီးသူမ မျက်နှာဖြူဖျော့လာတယ်
'နက်ဖြန်အတန်းလစ်ရမယ်'
"မင်းကိုငါ ပြန်ပို့ပေးမယ်"
ရှီရှန်းစားလို့ပြီးတာနဲ့ ချင်ကောက အဝတ်လဲပီး အပြင်ထွက်ဖို့လုပ်တယ်
"အဆောင်တွေကပိတ်သွားပြီ"
မနက်ပဲရောက်တော့မယ်....အချိန်တွေကုန်တာမြန်တယ်
စတုတ္ထနှစ် အဆောင်တွေက စစ်ဆေးစရာမလိုပေမယ့် ညလည်ခေါင်ကြီးပြန်ရင်တော့ လူမိမှာပဲလေ
........
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....