Arc 13.28

675 80 0
                                    

Unicode

အမျိုးသမီးများ​ပျောက်ဆုံး​နေကြခြင်းသည် သိုင်း​လောကတွင် မငြိမ်မသက်မှုများစွာဖြစ်စေခဲ့ပြီး နတ်ဆိုးဂိုဏ်းမှာလည်း အားလုံး၏ပစ်မှတ်တစ်ခုဖြစ်လာခဲ့သည်။

ယခုအချိန်တွင် နတ်ဆိုးဂိုဏ်းနှင့် အနီးဆုံးမြို့လေး၌ လူအများအပြား စုရုံး​နေကြပြီး
ဖူယိယွင် နှင့် ပိုင်ဖုတို့လည်း တက်ရောက်ခဲ့သည်။

"ကိုကိုယိယွင် ညီမ​လေး ​ရှောင်​လော့ အဆင်ပြေပါ့မလား?"  လျို့ရွှီသည် ဖူယိယွင်ကို မှီကာ စိုးရိမ်စွာ​ပြောလိုက်သည်။

ဖူယိယွင်က သူမ​ကျောကို ပုတ်ကာ အား​ပေးလိုက်သည်။  "စိတ်မပူပါနဲ့  နတ်ဆိုးဂိုဏ်းက အခုချိန်မှာ ဘယ်လောက်ပဲ ထောင်လွှားနိုင်​နေပါစေ အချိန်တစ်ခု​ရောက်တာနဲ့ ဘယ်သူက အင်အားကြီးတာလဲ ဆိုတာ သိလာရလိမ့်မယ်"

"ဒါတွေအားလုံးက ကျွန်မအမှားပပါ အကယ်၍ အဲ့​နေ့တုန်းက ညီမ​လေး​ရှောင်​လော့ကို မရရ​အောင်ခေါ်လာဖို့ ပြောနိုင်ခဲ့မယ်ဆိုရင်.."

လျို့ရွှီ သူမကိုယ်သူမ အပြစ်တင်​နေတာကိုမြင်တော့ ဖူယိယွင်လည်း  စိတ်မ​ကောင်းမဖြစ်ဘဲ မ​နေနိုင်​ပေ။ 
"သူမကို နတ်ဆိုးဂိုဏ်းက ဓားစာခံအဖြစ် ဖမ်းဆီးထားတာပဲ​လေ  ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့ မင်းနဲ့ဘာမှမဆိုင်ဘူး"

ဖူယိယွင်၏နှလုံးသားက လျို့ရွှီ အတွက် စိတ်မ​ကောင်းသော်လည်း ပိုင်​လော့​ကြောင့် ပိုမိုနာကျင်လွန်းလှသည်။  ဘာကြောင့်မှန်း မသိပေမယ့် ပိုင်​လော့  သူ့ကို သဘောကျဖူးကြောင်း ၀ူကျန်း ဆီက သိလာရကတည်းက သူ့နှလုံးသားက တည်ငြိမ်မှု မရှိ​တော့ပေ။

လျို့ရွှီနဲ့ အတူရှိစဉ်တုန်းက ပိုင်​လော့  သူတို့နောက်လိုက်ခဲ့တဲ့ အချိန်တွေကိုသာ တွေး​နေမိသည်။

ဖူယိယွင် အာရုံပျံ့လွင့်​နေ​ကြောင်းကို သတိပြုမိသဖြင့် လျို့ရွှီ က သူ့လက်မောင်းကို အလျင်အမြန် ခါယမ်းလိုက်သည်။

ဒီလူကို သူမ မကြိုက်ပေမယ့်လည်း တခြားသူကို မ​ပေးလိုက်ချင်​ပေ။

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now