Unicode
မတရားစွာသေဆုံးခဲ့ရတဲ့ အရံဇာတ်ကောင်တိုင်းက အဓိကဇာတ်ကောင်တွေကို လက်စားချေရန်ဆန္ဒရှိလေ့ရှိပြီး ရှန်းရှသည်လည်းခြားနားခြင်းမရှိဘူး
သူမက ရှန့်ကျားရင်းကို ဘယ်နည်းနှင့်မှ ဒုက္ခမပေးခဲ့ဘူး
သူမတို့ချင်း ဆက်ဆံရေးသိပ်မကောင်းလှပေမယ့်လည်း ရှန့်ကျားရင်းကို အမှန်တကယ်ဘာမှမလုပ်ခဲ့ပေ
သို့သော် ရှန့်ကျားရင်းကတော့ ရှန်းရှကိုသူမအားမကယ်တင်ခဲ့ဟုအပြစ်တင်လေတယ်ရှန်းရှသည် သူမအားကယ်တင်နိုင်စွမ်းရှိရင်တောင် သူမဘာကြောင့်ဒီလိုလုပ်သင့်သလဲ
အခြေခံလူ့ကျင့်ဝတ်သိက္ခာကြောင့်လား
အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ဖို့လုပ်နေကြတဲ့ အမျိုးသားအုပ်လိုက်ကြီးကို တားဆီးရန်ကြိုးစားခြင်းအားဖြင့် နောက်ထပ်မိန်းမပျိုလေးတစ်ဦးဖြစ်တဲ့ရှန်းရှကို ဘယ်လိုကံကြမ္မာမျိုးက စောင့်ကြိုနေမှာလဲ
နောက်တစ်ခုကဘာဖြစ်နေလဲဆိုတာကို ရှန်းရှ မမြင်ခဲ့ဘူး
ဘဝဆိုတာ မရေမတွက်နိုင်တဲ့လမ်းဆုံလမ်းခွတွေကိုရင်ဆိုင်ရခြင်းနဲ့တူညီတယ်
ရွေးချယ်မှုငယ်လေးတိုင်းက မတူညီတဲ့အဆုံးသတ်ကို ဦးတည်လိမ့်မယ်
ကိုယ်ရရှိတဲ့အဆုံးသတ်က ကိုယ်သွားသောလမ်းကြောင်းပေါ် မှာပဲ မူတည်တယ်ကိုယ်လျှောက်မယ့်လမ်းအမျိုးအစားကလည်း ကိုယ့်ရဲ့ရွေးချယ်မှုတွေနဲ့ ကိုယ့်အပေါ်ပတ်ဝန်းကျင်ကလူတွေရဲ့ လွှမ်းမိုးမှုအပေါ်မူတည်နေသေးတယ်
ဘဝ ဆိုတာ အဆုံးမရှိတဲ့ ရွေးချယ်စရာမေးခွန်းများစွာ စီတန်းနေတာမျိုးဖြစ်တယ်
ရှန့်ကျားရင်းရဲ့ဝင်ရောက်စွက်ဖက်မှုကြောင့် ရှန်းရှရဲ့ဘဝဟာအဆိုးဆုံးလမ်းကိုလျှောက်ခဲ့ရတယ်။
……ဇာတ်လိုက်မကပြန်လည်မွေးဖွားလာခဲ့ပြီးနောက်မှာ တိုက်ဆိုင်စွာနဲ့ပဲ ရှန်းရှတက်နေတဲ့ဒီကျောင်းကို ပြောင်းရွှေ့ခဲ့ရတယ်
အခုအချိန်မှာတော့ ရှီရှန်းရဲ့ ဇာတ်လိုက်မပေါ်အမြင်က မိန်းကလေးငယ်လေး တစ်ယောက်ဆိုတဲ့နေရာမှာပဲ ရပ်သွားတယ်
KAMU SEDANG MEMBACA
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....