Unicode
သူတို့ နတ်ဆိုးဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် ဂိုဏ်းဝင်အများအပြား ထိတ်လန့်တကြား ပြေးလာကြတာကြောင့် ရှီရှန်းမှာ အသက်ရှုရန်ပင် အခွင့်အရေး မရှိခဲ့ပေ။
"ဂိုဏ်းချုပ် ငါတို့ တိုက်ခိုက်ခံနေရတယ်!"
နတ်ဆိုးဂိုဏ်းက ဝေးလံခေါင်သီသော အရပ်တွင် တည်ရှိသည်။ systemထံမှသိရသော ဇာတ်ကြောင်းအပြင် သူမကိုယ်တိုင်လည်း ကြိုးစားအားထုတ်ပြီးမှသာ ဤနေရာကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။
'တစ်ယောက်ယောက်က ဒီနေရာကို တကယ်ကြီးရှာတွေ့ခဲ့တယ်လား...'
"သွားကြည့်ရအောင်" ရှီရှန်းက သူမဓားကိုဆွဲထုတ်ပြီး ဂိုဏ်းဂိတ်၀ဆီသို့ လိုက်သွားခဲ့သည်။ ဂိတ်၀တွင် "နတ်ဆိုးဂိုဏ်း" ဟူသော စကားလုံးကို ပြီးစီးအောင်ပင် မထွင်းထုရသေးပေ။
ရှီရှန်းရောက်ရှိလာချိန်တွင် ကျန့်ကျန်း သည် တစ်စုံတစ်ဦးနှင့် စကားများရန်ဖြစ်နေပြီဖြစ်သည်။
အခြားတစ်ဖက်မှာ လူရှစ်ယောက်ပဲရှိသည်။ သူတို့အားလုံးက ဆင်တူဝတ်စုံကို ၀တ်ဆင်ထားကြပြီး တိုက်ခိုက်ရန် သို့မဟုတ် ခုခံကာကွယ်ရန် အသင့်ဖြစ်နေကြသည်။"မင်းပြောတိုင်းယုံရမှာလား သက်သေပြစမ်း အထောက်အထားမရှိရင် မင်းတို့တွေက နတ်ဆိုးဂိုဏ်းနဲ့ ပြဿနာရှာဖို့ ဒီကိုရောက်နေရုံသက်သက်ပဲလို့ ငါသံသယရှိတယ်"
"ကျွန်တော်တို့ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတာပါ.. ဂိုဏ်းချုပ် ကျန့် ၊ သူမကို လက်လွှဲပေးလိုက်ပါ ငါတို့ အချင်းချင်း ဘာမှ ပြသနာတက်စရာမလိုတော့ဘဲ ပြန်သွားနိုင်ပါတယ်"
တစ်ဖက်အဖွဲ့က ကျန့်ကျန်းထက် တည်ငြိမ်နေကြသည်။
"ဘာတွေဖြစ်နေတာလဲ?"
ရှီရှန်းက အနောက်မှာ ရပ်နေတဲ့ ထင်ဖုန်းကို ခပ်တိုးတိုး မေးလိုက်သည်။"ဒီလူတွေက ကျောက်စိမ်းရေစင်ရွာကပါ သူတို့ ရဲ့ အကြီးဆုံးမမလေးကို ကျွန်တော်တို့ကဖမ်းထားတယ်လို့ ပြောနေကြတယ်... အဲဒါ အဓိပ္ပာယ် မရှိဘူး မဟုတ်လား? ငါတို့ ဘယ်အချိန်တုန်းကက သူမကို ပြန်ပေးဆွဲမိလို့လဲ"
ESTÁS LEYENDO
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....