Arc 13.10

2.8K 445 3
                                    

Unicode

ဖူယိယွင် နဲ့ ပိုင်​လော့တို့ထွက်သွားပြီးတဲ့တိုင် ​အောင် လျှို့ရွှီ​ပေါ်မလာခဲ့ဘူး။ ရှီရှန်းက သူမနဲ့မရှိနေတာကြောင့် ဇာတ်ကွက်က အ​တော်​လေးပြောင်းလဲသွားခဲ့ပုံရတယ်

ရှီရှန်းက လျှို့ရွှီ တစ်​ယောက် ဇာတ်လိုက်​တွေနဲ့ တွေ့ဆုံရမယ့် အချိန်ကိုမသိတာဂိုဏ်းကို ပြန်ဖို့သာ ဆုံးဖြတ်လိုက်တယ်
ဂိုဏ်းကိုပြန်တဲ့လမ်းမှာ သူတို့ကမြို့ငယ်တစ်ခုကိုဖြတ်သွားရတယ် ရှီရှန်းက ဒီနေရာမှာရပ်ဖို့မရည်ရွယ်ခဲ့ပေမဲ့ ရင်းနှီးသောအသံတစ်ခုက သူမကိုအော်ခေါ်လိုက်တယ်

" ဂိုဏ်းချုပ်!!!  လက်၀ဲကိုယ်ရံ​တော်!!! ... "
ရှီရှန်း ရပ်တန့်ခဲ့ရတယ် အော်ဟစ်သူက မြို့တံခါးဆီက​နေ သူမတို့ဆီပြေးလာတယ်

"မင်းဘာလို့ဒီနေရာမှာရှိနေသေးတာလဲ" ထင်ဖုန်းက မျက်မှောင်ကြုတ်ပြီးမေးတယ်။
မြို့က​နေ ထွက်သွားနှင့်တာ ရက်ပေါင်းများစွာနေကြာပြီးတဲ့နောက် သူတို့က ဂိုဏ်းကိုပြန်နှင့်​နေသင့်တယ်

ထင်ဖုန်းရဲ့ ​မေးခွန်းထုတ်ခံရတဲ့လူက နည်းနည်းတော့ အပြစ်ရှိစိတ်၀င်သွားပုံရတယ်။ "ကျိုးကျီကအမျိုးသမီးတစ်ဦးကို ကယ်တင်ခဲ့လို့ငါတို့နောက်ကျခဲ့တယ်"

ရှီရှန်းရဲ့ နှလုံးသားက ဆို့နင့်တဲ့ခံစားချက်နှင့်အတူ ​အောက်ဆုံးကို ပြုတ်ကျသွားတယ်
"မင်းတို့ကယ်ခဲ့တဲ့အမျိုးသမီးရဲ့နာမည်ကဘာလဲ"
"လျှို့ရွှီ...သူမက တော်တော်​လေးလည်းလှတယ် "

'​စောက်ချီး!!! ငါ သိ​နေတယ်။ စာ​ရေးသူက ငါ့ကို အလွတ်မ​ပေး​တော့ဘူး ... "

" သူတို့ကိုသွားခေါ်လိုက်။ အခုချက်ချင်းမပြန်ရင် ဂိုဏ်းကို ပြန်လာစရာမလိုဘူးလို့ ကျိုးကျီကိုပြောပါ။ " ရှီရှန်း ကအမိန့်ပေးတယ်။
"ပြီးတော့ ဟို မိန်းက​လေးကရော?"

ရှီရှန်းက အဲ့ဒီဂိုဏ်းသားကို ​မှောင်မိုက်တဲ့ပြုံးတစ်ခုပေးခဲ့တယ် "မင်းသာသူမနဲ့နေချင်ရင်နေနိုင်ပါတယ်"

ဂိုဏ်းသားက ခေါင်းကိုအမြန်ငုံ့လိုက်ပြီး လှည့်ထွက်သွားတယ် မကြာခင်မှာပဲ ရထားလုံး​တွေ ​ရောက်လာခဲ့တယ်  စုစုပေါင်း ၃ ခုရှိခဲ့တယ်

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now