Arc 12.20

4.3K 653 8
                                    

Unicode

​ဒေါက်​ဒေါက်

နိုင်ငံခြားသားက သူ့ရဲ့အစီရင်ခံတင်ပြမှုနဲ့အလုပ်များနေစဉ်မှာ တစ်​ယောက်​ယောက်က ကားပြတင်းပေါက်ကိုတီး​ခေါက်ခဲ့တာ​ကြောင့် သူ့ရဲ့ခန္ဓာကိုယ်က အလိုအ​လျောက် သတိ၀င်လာပြီး ​တောင့်တင်းသွားတယ်

ယွိကျိုက တံခါး​ခေါက်တဲ့သူကိုမြင်လိုက်တာနဲ့ အခြားလူတစ်ယောက်လိုပြောင်းသွားပြီး တံခါးကိုအမြန်ဖွင့်ကာ ကား​ပေါ်ကဆင်းလိုက်တယ်

"ညီမ​လေး​ရှောင်ရှ...မင်းဘာလို့အပြင်ထွက်လာတာလဲ"

"ကားထဲပြန်ဝင် " ရှီရှန်းက အ​နောက်ခန်းတံခါးကိုဆွဲဖွင့်လိုက်တယ် ယွိကျိုလည်း သူ့​ဘေးက ကားတံခါးကို အမြန်ပြန်ပိတ်လိုက်ပြီး ကား​ရှေ့ခန်းထိုင်ခုံနှစ်ခုကြား ​နေကြာကျဥ်းကျဥ်း​လေးကြားက​နေ အ​နောက်ခန်းကို လှစ်ခနဲ လျှိုဝင်လိုက်တယ်

ရှီရှန်း "... "

"ရပြီ.. မောင်း​တော့​လေ..! ရှင်ကဘာ​တွေ​ငေးနေတာလဲ သေချင်​နေပြီလား " ရှီရှန်းကယာဉ်မောင်းထိုင်ခုံကိုလှမ်းပုတ်လိုက်တယ်

နိုင်ငံခြားသားက လွန်ခဲ့သောတစ်နှစ်ကတည်းက သူလျှို့၀ှက်စွာ လိုက်​စောင့်​​ရှောက်နေခဲ့ရတဲ့ မိန်းက​​လေးကို ပြန်မှတ်မိသွားတာကြောင့် ကားစက်ကို အမြန်နှိုးလိုက်တယ်

'ကြည့်ရတာ​တော့ သူမက သူ့ကို အ​စောကြီးကတည်းက သတ်ထားမိ​နေခဲ့တဲ့ပုံပဲ...'

"ညီမ​လေး​ရှောင်ရှ... "

ရှီရှန်းကလှည့်ကြည့်လိုက်ပြီးမဲမှောင်စွာပြုံးလိုက်တယ် "ကိုကိုယွိကျို.. ရှင်သေခြင်​နေပြီလား"

ယွိကျိုရဲ့မျက်ခုံးများတွန့်သွားပြီးသူကားနောက်ဘက်ကိုကြည့်လိုက်တယ်
သူတို့ကားအနောက်မှာရှိနေတဲ့အရာကိုမြင်ပြီးနောက် ယွိကျိုကတန်း​ပြောလိုက်တယ်
" ညီမ​လေး ​ရှောင်ရှ မင်းကိုယ့်ကိုဒီလောက်ချစ်လိမ့်မယ်လို့ကိုယ်မမျှော်လင့်ခဲ့ဘူး!"

ရှီရှန်းက သူ့​​ကြောင့်စိတ်အနှောင့်အယှက်ဖြစ်ဖို့ရာ အ​တော်​လေးပျင်း​နေတယ် " လူရှင်းတဲ့​နေရာကိုသွား"

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now