အပိုင်း ၄၁၀- ၄၂၀

1.2K 108 0
                                    

အပိုင်း ၄၁၀

သွမ်မင့်အား ကျွေးမွေးပြီးနောက် ယုံးဝူမင့်သည် မြင်းဇက်ကြိုးကို ဆွဲလိုက်ကာ ကြွယ်ဝခမ်းနားသော မြေအောက်ခန်းမကြီးများထဲမှ ဖြတ်ကာ လျှောက်သွားလိုက်သည်။ ထို့နောက် သီးသန့်ဖြစ်နေသော ကြီးမားသည့် ခန်းမဆောင်ကြီး တစ်ခုထဲသို့ ဝင်လိုက်၏။ 

လုံးဝပြီးစီးသွားသော ဤခန်းမကြီးသည် ဆောက်လုပ်ရန်မလိုတော့သောကြောင့် မည်သူမျှရှိမနေပေ။ ခန်းမကြီးသည် ကျယ်ပြောကာ ခမ်းနားထည်ဝါလှသောကြောင့် မြေအောက်တော်ဝင်သင်္ချိုင်းနှင့်ပင် ဆင်တူနေ၏။ 

“ဒီခန်းမကြီးရဲ့ အပေါ်မှာ ချင်ယွိချွမ် ရဲ့ အိပ်ခန်းဆောင်ရှိတယ်” 

ယုံးဝူမင့်က တည်ငြိမ်အေးဆေးသော အမူအရာနှင့် ပြောလိုက်သည်။ 

စန်းယွမ်ယွမ်က ခေါင်းညိတ်ပြလိုက်သည်။ သူမသည် အတွေးအခေါ်အား ဖြင့် ခန့်မှန်းမှု အားမကောင်း သော်လည်း မြေအောက်နန်းတော်တစ်ခုလုံးသည် ဤနေရာကို ဗဟိုပြု၍ စတင် ဖြန့်ကျက်သွားသည်ကိုမူ ခံစားမိနေ၏။ 

ယခင်တော်ဝင်မြို့တော်၏ အောက်တည့်တည့်တွင် ဗဟိုအချက်အချာ နေရာအဖြစ်သတ်မှတ်ကာ မြေအောက်မြို့တော်အဖြစ် တည်ဆောက်နေမှုသည် ပိုင်ဆိုင်မှုကို အသိအမှတ်ပြုကာ အရေးပါ အရာရောက် သည့် သဘောကိုလည်းဆောင်၏။ 

ယုံးဝူမင့်သည် သူ၏ ဓားကို ထုတ်လိုက်ကာ လက်တစ်ချက်ဝေ့ယမ်းလိုက်တော့ အစိမ်းဖျော့ရောင် မိုးကြိုးမီးလျှံများက ခန်းမ၏အပေါ်သို့ ဆက်တိုက်ရိုက်ခတ်သွားလေသည်။ ထိုအလင်းတန်းများသည် ပုံဖော်ထားသည့် ကျောက်ဆောင်အမိုးများ အတွင်းသို့ ပေပေါင်းများစွာ အကွာအဝေးအထိ ဖြန့်ကျက်သွားသည်။ သူသည် ခေါင်းကို မော့ထားကာ သေချာအာရုံစိုက်၍ ခန်းမအမိုးအားကြည့်နေသည်။  မိုးကြိုးသွားများ လျှပ်စီးသွားများသည် အကောင်း ပကတိအတိုင်း ရှိနေသည့် ခန်းမ အမိုးများအား တစ်ချက်ပြီး တစ်ချက် ပစ်ခွင်းနေခြင်းဖြစ်သည်။ 

အမွှေးတိုင် တစ်တိုင်စာ ပူဇော်ပြီးချိန်ခန့်အကြာတွင် သူသည် ဓားအား စိတ်ကျေနပ်စွာပြန်ရုတ်လိုက်ရင်း ထီမထင်အပြုံးဖြင့်

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang