အပိုင်း ၃၉၇-၄၀၂

811 107 3
                                    

အပိုင်း ၃၉၇


ထို့ကြောင့် ယခုအချိန်အတွင် အရေးအကြီးဆုံးဖြစ်နေသည်မှာ ဝေးလံခေါင်သီသည့်ဒေသတွင် ရှိနေသည့် ပိုင်ပြည်နယ်ဖြစ်သည်။ ထိုပြည်နယ်သည် အင်အားအလွန်နည်းသော ပြည်နယ်လည်းဖြစ်၏။ 

“စစ်သေနာပတိ အားကူ … အတော်ဆုံး သံချပ်ကာစစ်သည်တွေကို စန်းပြည်နယ်ရဲ့ မဟာတံတိုင်းကနေ ဖြတ်သန်းသွားစေပြီး ပိုင်ပြည်နယ်ကို ထောက်ပံ့ပေးဖို့ အတတ်နိုင်ဆုံး မြန်မြန်လွှတ်လိုက်ပါ"

“ဟုတ်ကဲ့ပါ ကျွန်တော်မျိုး အမြန်ဆုံးဆောင်ရွက်လိုက်ပါမယ်”

ထို့နောက်မှာကျောက်စိမ်းအမိန့်ပြားက ကျိုးသွားလေသည်။

စန်းယွမ်ယွမ်က သူမ၏ ခါးမှ ကျောက်စိမ်းအမိန့်ပြားအား ယူလိုက်ကာ စန်းပုကျင့်အား ဆက်သွယ်လိုက်သည်။  

ကျောက်စိမ်းအမိန့်ပြားက ချိတ်ဆက်မိသွားသည်နှင့် စန်းပုကျင့်၏ဒေါသဖြစ်နေသော အသံက ထွက်ပေါ်လာ၏။

“ညီမလေး..အစ်ကိုကြီး မင်းကို ပြီးမှ ပြန်ဆက်သွယ်လိုက်မယ်!”

စကားသံမဆုံးခင်မှာပင် ကျောက်စိမ်းအမိန့်ပြားက ကွဲအက်သွားလေသည်။ 

စန်းယွမ်ယွမ်သည် တစ်ဖက်ခြမ်းဆီမှ မြေအောက်မိစ္ဆာများ၏ အော်ဟစ်သံများကို ကြားလိုက်ရ၏။

နားထောင်ကြည့်ရသလောက် သိပ်ဆိုးရွားနေဟန်တော့မရှိလောက်။

စန်းယွမ်ယွမ်က ကွဲအက်ပြီးသား ကျောက်စိမ်းအမိန့်ပြားကို ကိုင်ထားရင်း အတွေးတို့ နစ်သွား၏။

 အကြောင်းအရာတစ်ခုက သူမခေါင်းထဲ ဝင်လာသည်။

မူလ ဇာတ်ကြောင်းထဲတွင် မုန့်ဝူယုံးဟာ ဟန်ရှောင်လင်နှင့် ဆက်ဆံရေးတည်ဆောက်ပြီးနောက် သူမက ယစ်ပူဇော်ခြင်းပွဲကို ဖျက်ဆီးလိုက်ကာ မိန်းကလေးငယ်တစ်ယောက်အား ကယ်တင်ပေးလိုက်သည်။ ထို့နောက်မှာတော့ မြေအောက်မိစ္ဆာတွေ၏ ထစ်ချုံးမြည်လှိုင်းစည် ဖြစ်စဥ်ဟာ ဆယ့်နှစ်နေရာမှာ တစ်ပြိုင်တည်းပေါ်လာလေသည်။ ထိုကဲ့သို့ ဖြစ်ပေါ်မှုသည် အလွန်ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ပြီး နှစ်တစ်ထောင်လျှင် တစ်ကြိမ်ခန့်သာဖြစ်ပေါ်၏။  များမကြာမီမှာပင် ယွင်နိုင်ငံတော်ရှိ ပြည်နယ်ဆယ့်ရှစ်ခုလုံးသည် မြေအောက်မိစ္ဆာတို့၏ ခံတွင်းသို့ သက်ဆင်းကြရရှာသည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now