အပိုင်း ၄၅၆- ၄၆၀

533 72 0
                                    

အပိုင်း ၄၅၆


စန်းချန်ယင်းက ကျယ်လောင်စွာရယ်လိုက်ရင်း

"ချစ်လှစွာသော သားမက်လေးရေ ဘယ်လိုလဲဟေ့!"

ယုံးဝူမင့်က ခဏမျှ အောင့်အီးနေပြီးမှ ကူကယ်ရာမဲ့စွာ ဖြေလာသည်။

"အရသာက မဆိုးပါဘူး။ အရင်းနှီးမပါတဲ့စီးပွားရေးလို့တောင် သတ်မှတ်လို့ရတယ်။ ဒါပေမဲ့ မြေအောက်နတ်ဆိုးတွေကို တစ်လောကလုံးက လူတွေက မစားသင့်မစားထိုက်တဲ့အရာလို့ သေချာပေါက်မှတ်ထားကြမှာ။ ကျွန်တော့်အမြင်အရတော့ ဘာအသားမှန်းမသိအောင် လှီးဖြတ်ပြီးမှ ရောင်းတာကောင်းမယ်ထင်တာပဲ"

"ဖူး .."

ဒီတစ်ခါတော့ အားကူသာမက စန်းချန်ယင်းပါ ပါးစပ်ထဲကနေ အရက်တွေသီးထွက်ကုန်တော့သည်။

အားကူမှာ မနေသာတော့။

"အရှင်! ဒါကနတ်ဆိုးအသားမဟုတ်ပါဘူး ပိုင်ပြည်နယ်ရဲ့အထူးဒေသထွက် ဖားဘီလူးသားပါ"

ယုံးဝူမင့် : ".."

ယုံးဝူမင့်က နဝေတိမ်တောင်ဟန်ဖြင့် စန်းယွမ်ယွမ်ထံ လှမ်းကြည့်လိုက်သည်။

သူတို့စရောက်သည်နှင့်တစ်ပြိုင်နက် သူဟာ သူမ​ဦးဆောင်သည့်အတိုင်း လမ်းချော်နေပြီဖြစ်သည်။အတွေးဟာ ချော်သွားပြီဆိုကတည်းက ပြန်မတည့်တော့ဘဲ ဘယ်လိုကြည့်ကြည့် နတ်ဆိုးအသားတွေဟုသာ တွေးနေတော့တာဖြစ်လေသည်။

"အို ဟီးဟီး .. ဒါဆိုဖားပေါ့"

အဖြေအားသိလိုက်ရပြီးနောက် စန်းယွမ်ယွမ် နောက်တစ်ခါ တံစို့ကင်ထားသည့်အရာအား ကြည့်လိုက်တော့ ....အင်း ဖားနဲ့တူသား။

အားကူက သက်ပြင်းချကာ ပြောလာသည်။

"အရှင်က ခုနက နတ်ဆိုးအသားရောင်းမယ်လို့ အလေးအနက်ပြောနေတုန်းက ကျွန်တော် ကြက်သီးတွေတောင်ထသွားတယ်။ ကျွန်တော် နတ်ဆိုးအသားစားဖူးတယ်။ အရသာက လက်ဆေးရေပုံးထဲမှာ နှစ်ဝက်လောက် စိမ်ထားတဲ့ ပုပ်အဲ့အဲ့ ဝက်သားအတိုင်းပဲ"

ယုံးဝူမင့်နှုတ်ခမ်းထောင့်က တွန့်သွားရင်း

"ငါ့တပ်ထဲမှာ ပေးတဲ့လစာနည်းတာကို အပြစ်တင်နေတာလား"

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Onde histórias criam vida. Descubra agora