နှလုံးသွေးနဲ့ရေးတဲ့သစ္စာ အခန်း ၁

873 19 0
                                    


နှလုံးသွေးနဲ့ ရေးတဲ့ကျိန်စာ
အပိုင်း(၁)

ဒီဇင်ဘာ လလည်ဖြစ်သောကြောင့်အအေးဓာတ်က အတော်ပင်ကဲနေ၏။ လမ်းမီးတိုင်များမှ မီးအလင်းရောင်များကြောင့် ဟိုင်း
ဝေးလမ်းမကြီးမှာ မီးရောင်အတော်အသင့်ရနေသော်လည်း ကားအသွားအလာအတော်ပင်နည်းနေပြီဖြစ်၏။
လမ်းကအတော်အတန်ချောမွေ့နေသည့်အပြင် ကားလည်းရှင်းနေသောကြောင့် ထင်လင်း ကားကိုခပ်မြန်မြန်မောင်းလာခဲ့သည်။

ပဲခူးမှသူငယ်ချင်းမြတ်ကျော်
၏မင်္ဂလာဆောင်သို့သွားပြီးရန်ကုန်သို့ ပြန်လာချိန်နောက်ကျခဲ့၍
မိုးအတော်ချုပ်နေပြီဖြစ်ပါသည်။
ထင်လင်း၏ညီမဖြစ်သူ သရဖူကတော့နံဘေးခုံတွင်ကျောမှီ၍အိပ်ပျော်နေပြီဖြစ်သည်။
ထင်လင်းတို့မောင်နှမ နှစ်ယောက်ထင်လင်း၏သူငယ်ချင်းမြတ်ကျော်၏မင်္ဂလာပွဲသို့သွားရောက်
ခဲ့ကြခြင်းဖြစ်၏။

အစက မြတ်ကျော်အိမ်တွင်တစ်ညတည်းရန် စီစဉ်ထားသော်လည်း ထင်လင်းတို့မောင်နှမ၏ မိခင်ဒေါ်ဝတီရုတ်တရက်ကျန်းမာရေးအခြေ
အနေ ထဖောက်သဖြင့် ထင်လင်းစိုးရိမ်တကြီးချက်ချင်းပြန်လာမိခြင်းဖြစ်၏။
လမ်းက ကားဆက်ပြတ်လှ၏။အချို့နေရာများတွင် မှောင်နေပြီး မီးအလင်းရောင်မှာကွက်တိကွက်ကျားဖြစ်လာသည်မို့ ကားကိုသတိထားမောင်နှင်နေရ၏။

၀ရော....ဝူး.....

"ဟာ...ပြသနာပဲကွာ..."

ရုတ်တရက် ကားစက်ရပ်သွားသည်မို့ ထင်လင်း စိတ်ပျက်စွာညီးတွားလိုက်မိသည်။
နံဘေးခုံ၌ရှိနေသော ညီမဖြစ်သူ သရဖူလည်းနိုးလာပြီး အိပ်ချင်မူးတူးဖြင့် ထင်လင်းကိုမေးလိုက်၏။

"ဘာဖြစ်လို့လဲ အစ်ကိုကြီး..."

"ကားဘာဖြစ်တာလဲမသိဘူး ညီမလေး စက်ရပ်သွားပြီ..."

" ဟင်...ဒါဆို ဘယ်လိုလုပ်ကြမလဲ
အစ်ကိုကြီး..."

"အစ်ကိုကြီးက ကားပဲမောင်းတက်တာ ကားမပြင်တက်ဘူးညီမလေးရဲ့... အင်း...ကားကြုံပဲ စောင့်စီးရတော့မှာပဲ..."

မောင်နှမ နှစ်ယောက်သားကားကြုံစောင့်နေခဲ့သည်မှာ ၁၀မိနစ်ကျော်ပြီဖြစ်သော်လည်း ကားတစ်စီးမှ အသွားအလာမတွေ့ရသေးပါ။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now