၁၀

19 1 0
                                    

သန္ဓေသားပျော်ရည်ဆေး
                     အပိုင်း(၁၀)

     နန်းမြတ်က ရန်ကြီးအောင်ကို စူးစိုက်ကြည့်
၍ အနည်းငယ်ပြုံးလိုက်ရင်း

     "ဆရာကြီးက သိပ်ကိုလှည့်စားရခက်တဲ့
သူပါပဲ.... ကျွန်မတို့ ပြေးလို့လွတ်နိုင်ချေ
သိပ်မရှိဘူးဆိုတာ အစတည်းက ရိပ်မိပါတယ်...
     ဒါပေမယ့် အခုလို ညတွင်းချင်းမြန်မြန်
ဆန်ဆန်ကြီး လိုက်လာနိုင်တာကိုတော့ ကျွန်မ
အရမ်းအံ့သြမိတယ်...ဆရာကြီး ဒီလမ်းကြောင်း
ကိုဘယ်လိုလုပ်သိနေတာလဲ...."

    သူမမေးခွန်းကို ရန်ကြီးအောင်က ပြုံး၍
ဖြေလိုက်၏။

     "နင့်ရဲ့ လက်ကိုင်အိတ်ကို မေးကြည့်လေ...
နင့်လက်ကိုင်အိတ်က နင်မေးတဲ့ မေးခွန်းကို
ဖြေပါလိမ့်မယ်...."

     ဟင်...

     နန်းမြတ် သူမ၏ လက်ကိုင်အိတ်လေးကို
အမြန်စမ်းစစ်ကြည့်မိသည်။
     အတွင်းအတ်တစ်နေရာ၌ ခိုးလို့ခုလု နေရာ
လေးတစ်ခုကို စမ်းလိုက်မိသဖြင့် သေချာကြည့်
မိသည်တွင် လက်ကိုင်အိတ်အတွင်းသားနှင့်
ကပ်လျက်ရှိနေသောစလင်ဒါပုံ ပုံဆောင်ခဲလေး
တစ်ခု။
     သူမ ထိုအရာလေးကို ခြေရာခံစက်မှန်း
ချက်ချင်းသိလိုက်၏။

     သူမ ခြေရာခံစက်လေးကို စူးစိုက်ကြည့်ရင်း

     "ဟင်....ခြေရာခံစက်....ဪ....ဒါကြောင့်
ဆရာကြီးတို့က ဒီလိုလူသိနည်းတဲ့လမ်းကြောင်း
ကို ချက်ချင်းလိုက်လာနိုင်ကြတာကိုး...."

     နန်းမြတ်က ဇော်မျိုးကို စူးစိုက်ကြည့်ရင်း

     "ဇော်.... ငါ့လက်ကိုင်အိတ်ကို ကိုင်ခွင့်
ရတာ နင်တစ်ယောက်ပဲရှိတယ်.... ဒီခြေရာခံ
စက်က နင်...နင်...."

     ဇော်မျိုးက သူမကိုမကြည့်ဘဲ ခေါင်းကို
ဖြည်းညှင်းစွာ ညိမ့်လိုက်ရင်း

     "ဟုတ်တယ်...နန်းမြတ်....အဲ့ဒီ့ခြေရာခံစက်
ကို ငါကိုယ်တိုင် နင့်ရဲ့လက်ကိုင်အိတ်မှာ တပ်
ခဲ့တာပါ....
     ဆရာကြီးရဲ့အမိန့်က ငါ့ဘဝအတွက်အရေး
အကြီးဆုံးလို့ နင့်ကို ငါပြောဖူးတယ်လေဟာ..."

     နန်းမြတ်က ဇော်မျိုးကို နာကျည်း ဝမ်း
နည်းစွာ စူးစိုက်ကြည့်ရင်း မျက်ဝန်း၌ မျက်ရည်
တို့ သိသိသာသာ ရစ်ဝဲလာခဲ့၏။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now