ဇာတ်သိမ်းပိုင်း

35 1 0
                                    

သန္ဓေသားပျော်ရည်ဆေး
                        အပိုင်း(၁၅)
                      ဇာတ်သိမ်းပိုင်း

     ဒေဝီ အနည်းငယ်ပြုံးလိုက်ပြီး အင်းပြား
ကို အစွမ်းပြန်သိပ်လိုက်ကာ လက်၂ဖက်
ကြားတွင်ညှပ်ပြီး လက်အုပ်ကို နှဖူးပေါ်သို့
တင်လိုက်ပြီးမှ အင်းပြားကို ပြန်သိမ်းမည်
ပြုစဥ်မှာပင် အိမ်၏ ဘယ်ဘက်မှ မည်းမည်း
သဏ္ဍန် ဧရာမအကောင်ကြီးတစ်ကောင်
ထွက်လာတော့၏။
     ထိုပရလောကသား အကောင်ကြီး၏ အရပ်
၁၅ပေခန့်လောက်မြင့်ပြီး တစ်ကိုယ်လုံး အနက်
ရောင်အမွှေးအမျှင်များ ဖုံးအုပ်ထားကာ ဟင်းသောက်ပန်းကန်လုံးခန့်ရှိသော မျက်လုံး
နီနီကြီးများနှင့် ကျွန်တော်တို့အား ငုံ့ကြည့်၍
နေ၏။

     ကြီးမားပြီး ကြောက်စရာကောင်းလှသော
ပရလောကသားကြီး၏ အသွင်အပြင်ကြောင့်
မေရန်ငြိမ်းနှင့် ရှိုင်းနေမဆိုထားနှင့် သိပ်
မကြောက်တက်သော ကျွန်တော်ပင် အနည်း
ငယ် ထိတ်လန့်သွားမိသည်။

     မည်းမည်းသဏ္ဍန်ဧရာမ အကောင်ကြီးက
ကျွန်တော်တို့အုပ်စုအား သူ၏ ကြီးမားလှသော
လက်ဖဝါးကြီးနှင့်လွှဲရိုက်ရန် လက်ကိုမြှောက်
လိုက်သည်တွင် ဒေဝီက အင်းပြားကို လက်၂
ဖက်ကြားတွင် ညှပ်ကာ လက်အုပ်ကို နှဖူး
ထပ်သို့ တင်လိုက်ပြန်ရင်း ရွှေရောင်အလင်း
တို့ ပြန်လည်တောက်ပလာသော အင်းပြား
ဖြင့် ထိုအကောင်ကြီးရှိရာသို့ ညာလက်ကို
ဆန့်တန်းကာ ပစ်လွှတ်လိုက်၏။
     ရွှေရောင်တောက်ပနေသော အင်းပြားက
အကောင်ကြီး၏ ရင်ဘက်နေရာကို ထိမှန်
သွား၏။

     ဝုန်း!!.....

     **********

     ထိုအကောင်ကြီးက စူးစူးဝါးဝါးအော်လိုက်
ရင်းနောက်သို့ ချက်ချင်းဆုတ်သွားတော့သည်။
     အင်းပြားထိမှန်သွားသော အကောင်ကြီး၏
ရင်ဘက်နေရာတွင် ရွှေရောင် အလင်းစတို့က
မီးလျံများသဖွယ် လောင်ကျွမ်းသွားပြီး သူ၏
အမွှေးအမျှင်အချို့ ကျွတ်ထွက်ကုန်သဖြင့်
အကောင်ကြီးက နာနာကျင်ကျင်အော်၍
နောက်ဆုတ်သွားခြင်းဖြစ်သည်။

     ဒေဝီ့လက်အတွင်းသို့ စောစောက
ပစ်လိုက်သော အင်းပြားက ဘယ်ကဘယ်
လို ပြန်ရောက်နေသည်မသိ အင်းပြားက ရွှေ
ရောင်အလင်းတို့ ပို၍ပင် တောက်ပလာသေး
၏။
     ဒေဝီက အင်းပြားကို ညာလက်ဖြင့်
ဆန့်ကိုင်ကာ အကောင်ကြီးရှိရာသို့ လက်ဖြန့်
ပြထားသဖြင့် ထိုအကောင်ကြီးမှာ ကျွန်တော်
တိုအား တိုက်ခိုက်ရန် မစဥ်းစားတော့ဘဲ
နောက်သို့ တဖြည်းဖြည်းဆုတ်သွားကာ
အိမ်ကြီး၏ အပြင်ဘက် ဘယ်ဘက်အခြမ်းသို့
ပြန်လည်ဝင်ရောက်ပျောက်ကွယ်သွားတော့
သည်။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now