အပိုင်း ၁၅

28 0 0
                                    

မိစ္ဆာချစ်သူ
                      အပိုင်း(၁၅)

           ကျွန်တော်နှင့် မာယာ ပထမဆုံးပန်းခြံ
၌ ချိန်းတွေ့ဖြစ်ကြ၏။ ချစ်သူဖြစ်ကတည်းက
အခြားစုံတွဲများ အသွားများသော ဤနေရာမျိုး
သို့ တစ်ခါမှ မရောက်ဖြစ်ခဲ့ကြပါ။ကျွန်တော်
ရောက်နေနှင့်သည်မှာ မိနစ်၂၀ ခန့်ရှိနေပြီဖြစ်၏
            ခဏကြာတော့ ပန်းခြံအဝင်ဝဆီမှ  မိန်းမချော လေးတစ်ယောက် အတွင်းသို့အိနြေ္ဒ
ရစွာ လျှောက်လှမ်းလာချေ၏။ ကျွန်တော်သာ
မက ပန်းခြံအတွင်းရှိအခြားသော စုံတွဲများပါ
သူမ၏ တောက်ပနေသောအလှတရား၌ ခဏ
တာ စီးမျောမိကြ၏။
           ပန်းခြံအုတ်ခင်းလမ်းလေးအတိုင်း
ကျွန်တော့်ထံ တစ်လှမ်းချင်းလာနေသောသူမ...
ကျွန်တော်အံ့ဩ သွားမိပြီး သေချာကြည့်မိ၏။
           ကျွန်တော့်ရဲ့ချစ်သူ...မာယာ...ဤနေ့
တော့ သူမကခါတိုင်းတွေ့နေကျပုံစံမဟုတ်ဘဲ
ရင်ဖုံးအင်္ကျီ ထမီနှင့် ကတ္တီပါဖိနပ်တို့နှင့် ထူးခြား
စွာ လှပနေ၏။ သူမကျွန်တော့်ကို့ပြုံးပြနေ၏။
မာယာ၏ အပြုံးကား ပြိုင်စံရှားစွာမြတ်နိုးဖွယ်
ကောင်းလှတော့၏။

           သူမကျွန်တော့် နံဘေးသို့ဝင်ထိုင်လိုက်
ရင်း...

         "မောင်...ဘာလို့ အဲ့လောက်ကြီးကြည့်နေ
တာလဲ...မာယာရှက်လာပြီ..."

          "မာယာ..ဒီနေ့ အရမ်းလှတယ်...."

        မောင်ကလည်း...ဒါဆိုမာယာက အရင်နေ့
တွေကကျတော့မလှဘူးပေါ့...

       "ဟား...ဟား..မဟုတ်ပါဘူးကွာ...ဒီနေ့ကပို
ပြီးချစ်စရာကောင်းနေလို့ပါ..."

         "မောင်က မြန်မာဝတ်စုံနဲ့မာယာ့ကိုမြင်ဖူး
ချင်တယ်ပြောလို့ပါ  ဝတ်နေကျမဟုတ်တော့
တမျိုးကြီးပဲ မောင်သဘောကျရဲ့လားဟင်..."

          ကျွန်တော်သူမ၏ ပိတုန်းရောင်ဆံနွယ်တို့
ကို ယုယစွာကိုင်တွယ်မိရင်း...

          "အင်း...အရမ်းသဘောကျတယ်....ကိုယ့်
ရဲ့ချစ်သူက လှလိုက်တာကွာ....လူမှဟုတ်ရဲ့
လားဟင်...."

           "ဟင်...ဘာ...ဘာ...လဲဟင်မောင်...လူပါ
မောင်ရဲ့ ဘာလို့အဲ့လိုပြောတာလည်း..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now