အပိုင်း ၁၁

24 3 0
                                    


အမှောင်ကမ္ဘာရဲ့ အလင်းရှင်

                       အပိုင်း(၁၁)

    ည ၈နာရီကျော်ပြီဖြစ်သည်။

    မိုးသက်ထန်၏ ခြံဝန်းကြီးသည်လည်း
လျှပ်စစ်မီးရောင်များအောက်၌ နေ့ဘက်နှင့်မတူ
သော အသွင်ဖြင့် တစ်မျိုးတစ်မည်ကြည့်ကောင်း
နေပြန်သည်။

    မိုးသက်ထန် ဧည့်ခန်းပြတင်းအနီးခုံ
လေး၌ထိုင်ရင်း အပြင်ဘက်သို့ငေးကြည့်
နေမိသည်။မပျော့မပြင်းသော လေပြေက
သူ၏ မျက်နှာကို တိုးဝှေးတိုက်ခက်လာသည်။
    ပန်းရနံ့အချို့ရောပြွန်းနေသော လေနုအေး
ကို မိုးသက်ထန် သဘောကျလှသည်။
    ဤကဲ့သို့ မြို့လည်ခေါင်၌ ပန်းရနံ့များစွာ
ထွက်ပေါ်စေသော ပန်းဥယဉ်တစ်ခုအား
ဖန်တီးရသည်မှာ ထင်သလောက်မလွယ်ပါ
ချေ။
    မိုးသက်ထန် အလုပ်သမားအင်အားနှင့်
ငွေအများအပြားသုံးစွဲခဲ့ရသည်။
    ငွေကုန်ရကျိုးနပ်လောက်အောင်လည်း
မိုးသက်ထန် သူ၏ ခြံဝန်းအတွင်းသို့ ဆင်း၍
ထိုင်လေတိုင်း ပန်းပင်၊ အလှပင်လေးများ
ကြောင့် အမြဲလိုလို စိတ်လက်ပေါ့ပါးခဲ့ပါသည်။

    အတော်ပင်ကျယ်ဝန်းသော မလှမ်းမကမ်း
ရှိ ရေကူးကန်ကို မိုးသက်ထန်လှမ်းကြည့်မိ
သည်။ရေအောက် လျှပ်စစ်မီးပြာလဲ့လဲ့လေး
ကြောင့်ထင်၏။ ရေကူးကန်၏အလှသည်လည်း
နတ်တို့ဖန်ဆင်းထားသော ဖန်သားကန်လေး
ကဲ့သို့ လှပ၍နေ၏။
    ရေကူးကန်နှင့် အနီးဆုံးကျောက်ခုံတန်းလေး
၌ မိန်းကလေးတစ်ယောက်က ထိုင်နေပြီး
သူ့ဘက်သို့ လှည့်ကြည့်၍ ပြုံးပြနေ၏။

    "လရောင် ပါလား..."

    မိုးသက်ထန် ဒေဝီ့ကို ပြုံး၍ကြည့်နေမိရင်း
ထိုနေရာသို့ သွားရန် မသိစိတ်က တိုက်တွန်း
လာသဖြင့် ရေကူးကန်လေးရှိရာသို့ ထွက်လာ
ခဲ့တော့သည်။

    ရောက်ကူးကန်ရှိရာသို့ ခြံထဲသို့ဆင်းပြီးမှ
လမ်းသွယ်လေးအတိုင်းထွက်လာခဲ့သည်။

    "ဟင်..."

    စောစောက ကျောက်ခုံတန်းလေးတွင် မည်သူ
မှ ရှိမနေပါ။ မိုးသက်ထန် ဇဝေဇဝါ ဖြစ်သွား
မိသည်။ ၁ မိနစ်ဝန်းကျင်သာ ကြာသောအချိန်
လေး၌သူမပျောက်သွားခြင်းဖြစ်သည်။
    ဒေဝီက သူရောက်လာမည်ကိုသိသဖြင့် မလှမ်း
မကမ်းရှိပန်းခြုံများကြားတွင်ပုန်းအောင်း
နေကာ စနောက်နေသလားဟုတွေးမိပြန်သည်။
    သို့သော် သူမက တည်ငြိမ်သူဖြစ်ပြီး သူ့အား
ထိုသို့စနောက်ရလောက်အောင် ရင်းနှီးကျွမ်း
ဝင်သေးသူမဟုတ်သည်ကိုလည်း မိုးသက်ထန်
တွေးမိပြန်သည်။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now