14 1 0
                                    

ပန်းခြွေမိစ္ဆာ
                                နှင့်
                   သတ္တမမြောက်အပျိုစင်

                           အပိုင်း(၈)

         ဓမ္မချမ်းသာရွာကလေးကား မနက်အ
စောပိုင်းပင် ရှိသေးသော်လည်း ခါတိုင်းကဲ့သို့
တည်ငြိမ် ငြိမ်းချမ်းသော အရိပ်အယောင်တို့
ပျောက်ဆုံးနေပြီး ငိုရှိုက်သံများနှင့် ကြေကွဲဖွယ်
အငွေ့အသက်တို့သာ လွှမ်းမိုးနေ၏။

        ရွာပြင် သုသန်အနီး၌လူစည်နေ၏။ ကျွန်
တော်တို့ အဖွဲ့နှင့်ရွှေမိုးတို့ ရွာလူကြီးနှင့် ကာလ
သားခေါင်းဖိုးထောင်တို့အား တစ်ခေါက်ပြန်၍
ခေါ်ကာ ယနေ့မနက် ရွှေမိုး၏လမ်းပြမှုဖြင့် တောတွင်း၌တွေ့ခဲ့ရသော မိန်းကလေးအ
လောင်းကို သယ်ယူခဲ့ကြပြီး ရွာပြင်သင်္ချိုင်း၌
ပြောင်းရွှေ့မြှုပ်နှံ့ရန် စီစဉ်ခဲ့ကြသည်။
         အလောင်းပိုင်ရှင် မိန်းကလေး၏အမည်
မှာရွှေရည်ဟုသိရပြီး သူမ၏မိဘများကတော့
မချိတင်ကဲ ငိုပွဲဆင်နေကြ၏။

        "အမလေး...သမီးလေးရယ်...အဖြစ်ဆိုး
လှချည်လား...ဘယ်လိုလူယုတ်မာတွေကများ
ဒီလိုလုပ်ကြတာပါလိမ့်...သမီးလေးပျောက်သွား
ကတည်းက တစ်ရက်ပြန်လာလိမ့်နိုးနဲ့စောင့်နေ
ခဲ့တာ...အခုတော့...."
       
          ကျွန်တော်လည်း စိတ်မသက်သာလှသ
ဖြင့် ထိုနေရာမှာ ထွက်လာခဲ့မိသည်။ ဇရပ်
ဟောင်းပေါ်၌ ရှိနေသောဒေဝီ ၏အနီးတွင်
ကျွန်တော် ဝင်ထိုင်လိုက်ရင်း...

         "ဒေဝီ...ဒါက...လူသတ်မှုဆိုတာ..သေချာ
သလောက်ပဲနော်...စိတ်မကောင်းစရာပဲ..ကောင်မလေးက ၁၉ နှစ်ပဲရှိသေးတာတဲ့...သနားစရာ
ကောင်းလိုက်တာ...သူ့မှာဘာအပြစ်တွေရှိလို့
အသတ်ခံရတာလဲမသိဘူးနော်...
        သူ့ရဲ့ဝိညာဉ်ကို မြင်ခဲ့ရတယ်ဆိုတော့
သူဘာတွေပြောသေးလဲဟင်..."

         ဒေဝီက သက်ပြင်းချလိုက်ပြီးမှ...

       "ဒီမိန်းကလေးက မတရားအသတ်ခံရတာ..
သူ့မှာဘာအပြစ်မှမရှိဘူး...ဖြစ်နိုင်ချေများတာ
ကတော့ နတ်ဆိုးမိစ္ဆာတစ်ကောင်ကို ပူဇော်ခံ
ထားတာ...
        ဒီဝိညာဉ်က သူသေသွားပြီဆိုတာကို သူ့
မိဘတွေကို သိစေချင်တာ...သူ့ကိုအမျှအတန်း
ပေးစေချင်လို့...ဒေဝီ့ကို အကူအညီတောင်းတာ
ပါ...အခုတော့ သူ့ဆန္ဒပြည့်သွားခဲ့ပါပြီ...
        ပျောက်သွားတဲ့ မိန်းကလေးတွေထဲမှာ
ဒီလိုအဖြစ်ဆိုးနဲ့ လူမသိသူမသိသေသွားရတဲ့
သူတွေ ဘယ်လောက်တောင်ရှိနေပြီလဲမသိဘူး..
       ဒီလိုကိစ္စတွေ ထပ်ပြီးဖြစ်လာနိုင်သေး
တယ်...ဒီတရားခံက ဒီအနီးနားမှာနေတဲ့သူပဲ
ဖြစ်နိုင်ချေများတယ်...တရားခံကိုဖော်ထုတ်ရ
မယ်....ထိုက်သင့်တဲ့ အပြစ်ခံရစေချင်တယ်..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now