21 0 0
                                    

သန္ဓေသားပျော်ရည်ဆေး
                         အပ်ိုင်း(၃)

     သစ်ရွက်ခြောက်၊သစ်ကိုင်းခြောက်အမှိုက်
တို့ဖြင့် တောက်လောင်နေသော မီးပုံကိုကြည့်
ရင်း နန်းမြတ်သက်ပြင်းချလိုက်မိသည်။
     သူမစိတ်ထဲ၌ ဘာကိုအလိုမကျမှန်းမသိ
သူ့ဘာသာနေသော လောကကြီးကို မကျေမနပ်
ဖြစ်နေမိသည်။
     သစ်ကိုင်းခြောက်အမှိုက်တို့ဖြင့်လောင်ကျွမ်း
နေသော မီးပုံအတွင်းသို့ သစ်ကိုင်းခြောက်အနည်း
ငယ်ကို ထပ်မံပစ်ထည့်လိုက်မိသည်။
     သော်ဇင်နှင့် ဇော်မျိုးတို့၂ယောက်ကတော့
သူမအနီးတွင် အကောင်းစားဝီစကီပုလင်းကို
ဝေစုခွဲသောက်နေကြလျက် ကြက်ကင်ကို
အမြည်းလုပ်ကာ ဇရက်မင်းစည်းစိမ်ကို ခံစား
၍နေ၏။
     သူမအတွက်ဝေစုရထားသော ဖော့ရေခဲဗူး
ထဲမှ spyဝိုင်ပုလင်းများအနက်မှ တစ်လုံးကို
ဗူးထဲမှထုတ်လိုက်ကာ အဖုံးဖွင့်ပြီး ကုန်စင်
အောင်တစ်ခါတည်းမော့ချလိုက်၏။

     သော်ဇင်က ဝိုင်ကိုဇိမ်ခံမသောက်ဘဲရေ
သောက်သလိုမော့နေသော နန်းမြတ်ကိုပြုံး၍
ကြည့်ရင်း

     "နန်းမြတ်...ဖြည်းဖြည်းသောက်ပါဟ...
နင့်ဝေစုကို ငါတို့မလုပါဘူးဟ..."

     နန်းမြတ်က သော်ဇင့်ကိုခွန်းတုံ့မပြန်သေး
ဘဲ ဝိုင်ပုလင်းခွံကို အားနှင့်လွှင့်ပစ်လိုက်ပြီး
မှ

     "ငါ့စိတ်ထဲ... သူရိန်တို့ကိုသတ်လိုက်ရတဲ့
ကိစ္စကို စိတ်ထဲမတင်မကျနဲ့ စိတ်မကောင်း
ဖြစ်နေမိတယ်...
     သူရိန်တို့အတွဲက တကယ်ရောသေသင့်လို့
လား... သူရိန်က သူချစ်တဲ့လူနဲ့ ဘဝအသစ်
တစ်ခုစချင်တာ သူမှားလို့လား..."

     ဇော်မျိုးက သူမကို ပြုံး၍ကြည့်ရင်း
ဝီစကီကို တစ်ငုံသောက်လိုက်ပြီးမှ

     "မှားတာပေါ့ဟ...ဒီကောင့်ရဲ့အကြီးမားဆုံး
အမှားက ဆရာကြီးရဲ့ကျေးဇူးကိုမသိတက်ဘဲ
စိတ်သာယာတဲ့နောက်ကို လိုက်မိတာပဲ...
     နင်ပဲစဥ်းစားကြည့်လေ... ဆရာကြီးက ငါတို့
ဘာပဲလိုလို အကုန်ပေးနေတာပဲ...ငါတို့ဘဝက
လိုတိုင်းတရနေတာပဲကို...
     ပြီးတော့ဆရာကြီးက သတိပေးထားပြီးသား
သူ့ကိုသစ္စာဖောက်ရင် သေမယ်လို့...
     ဘာမဟုတ်တဲ့ မိန်းမတစ်ယောက်အတွက်နဲ့
သူ့ကိုယ်သူ ဆရာကြီးထင်ပြီး စွန့်စားချင်တာ
ကိုး..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now