အပိုင်း ၁၀

22 4 0
                                    


အမှောင်ကမ္ဘာရဲ့ အလင်းရှင်

                     အပိုင်း(၁၀)

     အမှောင်ရိပ်များကြား၌ ကြောက်စရာ မည်း
မည်းသဏ္ဍာန်များ၏ တိုက်ခိုက်နှောက်ယှက်မှု
ကြောင့် မိုးသက်ထန် ပြေးလွှားနေရပြန်သည်။
     ထွက်ပေါက်မရှိသော အမှောင်ထုကြီး
အတွင်း၌ အားငယ်စွာ တစ်ယောက်တည်း
ဖြစ်နေ၏။

     မလှမ်းမကမ်းတွင် အလင်းစုတစ်ခု
ဖြစ်ပေါ်လာပြီး အလင်းစုမှတံခါးပေါက်
သဏ္ဍာန်ဖြစ်လာပြီး ထိုတံခါးပေါက်မှ
မိန်းကလေး တစ်ယောက်က မိုးသက်ထန်
ရှိရာ အမှောင်ထုအတွင်းသို့ပြေးဝင်လာ၏။
     သူမ၏ ခန္ဓာကိုယ်မှာ ကိုယ်ရောင်ကိုယ်ဝါ
တောက်ပ၍နေပြီး အလင်းအနည်းငယ်ဖြာ
ထွက်နေရာ လူထက် နတ်သမီးနှင့်ပိုတူ
လေသည်။
     သူမ ရောက်လာသည်နှင့် မိုးသက်ထန်အား
ရန်လိုတိုက်ခိုက်နေသော မည်းမည်းသဏ္ဍာန်
အကောင်ကြီးများ ဝေးသို့ ထွက်ပြေးသွားကြ
ပြီး အချို့လည်း လေထဲသို့ အငွေ့လို ပျံ
တက်သွားကြတော့သည်။
     သူမက မိုးသက်ထန်၏ အနားသို့ရောက်
ရောက်ချင်းပင် မိုးသက်ထန်လက်ကိုဆွဲ
ကာ အလင်းရောင်များဖြာဝင်နေသော တံခါး
ပေါက်ဆီသို့ ဦးဆောင်၍ပြေးခဲ့တော့သည်။
     မိုးသက်ထန် သူမမျက်နှာကို အလင်းအမှောင်
ရုတ်တရက် ပြောင်းလဲမှုကြောင့် ကောင်းစွာ
မမြင်ရပါ။
     သို့သော် သူမနှင့်ရင်းနှီးနေသလိုလို ခံစား
လာရပြီး အမည်မသိသော နူးညံ့သော
ခံစားချက်တချို့ကို ခံစားလာရသည်။

⏰⏰⏰⏰⏰

     ""အကိုလေး... ထတော့လေ... ခုနှစ်နာရီ
ထိုးတော့မယ်...

    "ဟင်..."

     မိုးသက်ထန် သိမ်မွေ့သော အသံလေး
တစ်ခုကြောင့် နိုးလာခဲ့သည်။ ဒေဝီက
မိုးသက်ထန်ကို နှိုးလိုက်ခြင်းဖြစ်သည်။
သူမက ကိုယ်လက်သန့်စင်ပြီး ဘုရားဝတ်ပြု
ခြင်းတို့ပင် ပြုလုပ်ပြီးပြီ ဖြစ်သည်။

     မိုးသက်ထန်က လှဲနေရာမှ ဆိုဖာပေါ်တွင်
ထိုင်လိုက်ရင်း ဒေဝီ့ကိုအမှတ်မထင် ငေးကြည့်
မိသည်။ လှသွေးကြွယ်နေသော ဤမိန်းမချော
လေးသည် အိပ်မက်ထဲမှ တစ်ယောက်နှင့်
ကိုယ်ဟန်အနေအထား တူညီသည်ဟု မိုးသက်
ထန် တွေးလိုက်မိသည်။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now