အခန်း ၂

235 11 0
                                    


အပိုင်း(၂)

    bakeryရှေ့သို့ ရောက်လာပြီဖြစ်၍
ကျွန်တော်ကားကို သင့်တော်ရာတွင်ရပ်လိုက်ပြီး
ကားပေါ်မှ ဆင်းလိုက်ကာဆိုင်အတွင်းဝင်လာ
ခဲ့တော့၏။ ရင်ခုန်သံပြင်းပြစွာဖြင့်ချစ်သူမဖြစ်
သေးသော သူငယ်ချင်းမလေး ပန်းနုကိုရှာကြည့်
မိသည်။

         တွေ့ပါပြီ...

          ပန်းရောင် ဝတ်စုံလေးဖြင့် နတ်သမီးရှုံး
အောင်လှနေသော မိန်းမချောလေးပန်းနုက
ကျွန်တော့်အား ပြုံးပြနေ၏။ သူမရှိနေသော
ညာထောင့်ရှိစားပွဲဝိုင်းလေးသို့ ကျွန်တော်ရင်
ခုန်စွာလျှောက်လာမိသည်။
          သူမနှင့် ဤbakery တွင် အကြိမ်ပေါင်း
များစွာ လာထိုင်ခဲ့ဖူးကြသော်လည်းယခုတစ်
ကြိမ်လောက် ကျွန်တော့်ပြင်းပြစွာ ရင်ခုန်ခဲ့ခြင်း
မျိုးမရှိခဲ့ဖူးပါ။

        ကျွန်တော် သူမနှင့်မျက်နှာချင်းဆိုင်ထိုင်ခုံ
လေးတွင် ဝင်ထိုင်လိုက်ရင်း

       "ပန်း...ပန်းနု... နင်ကလည်းစောလိုက်တာ...
ငါက နင့်ထက်အရင်ရောက်နေချင်တာကို...
ကြာပြီလား ရောက်တာ..."

        သူမ ရေခဲမုန့်ကို တစ်စွန်းစားလိုက်ရင်းမှ
ကျွန်တော့်ကို ပြုံးဤတစ်ချက်ကြည့်လိုက်၏။
နှလုံးသားတစ်ခုလုံး အေးခဲသွားနိုင်လောက်
သော အပြုံးဖြစ်သည်မို့ ကျွန်တော်သူမ၏မျက်
ဝန်းကို အကြည့်လွှဲလိုက်မိသည်။

        "ပန်းနု...ငါ့ကို အဖြေပေးတော့လေဟာ..."

          "ဟား...ဟား...နင့်ပုံစံကလဲဟာ...ရှိုးတိုး
ရှိန်းတိန်းနဲ့ ဘာဖြစ်နေတာလဲ... မသိရင် အခုမှ
တွေ့ဖူးတဲ့သူတွေကျနေတာပဲ..."

       "မတူဘူးလေဟာ...ခါတိုင်းက ၅၂၈ မေတ္တာ
နဲ့ ပေါင်းသင်းကြတာ...အခုက ၁၅၀၀ မေတ္တာကို
အဆင့်တက်ဖို့ ငါကနင့်ကိုတောင်းဆိုထားမိတာ
လေ... ငါနင့်ကို အရမ်းချစ်မိနေလို့သာ ဖွင့်ပြော
မိတာပါ...တကယ်တော့...ချစ်သူမဖြစ်ဘဲသူငယ်
ချင်းသံယာဇဉ်လေးပါပျက်စီးသွားမှာကို ငါအရမ်း
စိုးရိမ်မိတယ်...
          ကျေးဇူးပြုပြီး...ငါ့ကိုမငြင်းပါနဲ့လား
ပန်းနုရယ်... ငါ..နင့်ကို အရမ်းချစ်တယ်...ပြော
မပြတက်လောက်အောင်ကို ချစ်နေမိပြီ..."
 
           သူမ ကျွန်တော့်အား ခွန်းတုံ့အပြန်ဘဲ
ပြုံး၍ စိုက်ကြည့်နေပြန်၏။ ထို့နောက်သူမ၏
စတော်ဘယ်ရီရောင် အောင်နှုတ်ခမ်းလေးကို
ဖိကိုက်ရင်း အကြာကြီးပြုံးကြည့်နေပြန်၏။
          သူမကျွန်တော့်အား မည်သို့သော အငြိုး
ဖြင့် နှိပ်စက်နေသည်မသိပါ။ ပြင်းပြစွာ ခုန်နေ
သော ဘယ်ဘက်ရင်ကို မသိမသာ ညာလက်ဖြင့်
အုပ်လိုက်မိရင်း

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now