ကယ်တင်ရှင်သေမင်း
အပိုင်း(၆)ကျွန်တော့်အိမ်၌ပင် ဤမနက်တော့
၄ယောက်သား စုစည်းမိနေကြသည်။ အိမ်ရှင်
ဖြစ်သော ကျွန်တော်က ဒိုးနက်များဖြင့်ဧည့်ခံ
ထားရ၏။ ကျွေးရကျိုးအမြဲနပ်သော ရှိုင်းနေနှင့်
မေရန်ငြိမ်းက ၄ခုစီလောက် ဆွဲပြီးနေပြီဖြစ်၏။
ဒေဝီက မုန့်တစ်ခုကိုသာ တစ်ကိုက်
ချင်းစားနေပြီး သူမ၏ ဖုန်း မှသတင်းတစ်ခုကို
ဖက်နေ၏။ဒေဝီက ထိုသတင်းကိုဖတ်နေရင်းမှ
မျက်မှောင်ကျုံ့လိုက်ရင်း"လှိုင်မဟာ စက်ရုံက ဝန်ထမ်းမိန်းကလေး
တစ်ယောက် ပျောက်နေတယ်တဲ့...သက်ဆိုင်ရာ
ကို လူပျောက်တိုင်ထားတယ်တဲ့..."ရှိုင်းနေက အရေးမကြီးသလိုပင် မုန့်တစ်ခုကို
ထပ်ယူလိုက်ရင်း" ချစ်သူနောက် ခိုးရာလိုက်သွားတာနေမှာပေါ့
ဟာ..."ဒေဝီက
" ဒီမိန်းကလေး သူငယ်ချင်းတွေပြောတာတော့
သူ့မှာ ချစ်သူမရှိဘူးတဲ့...ယောက်ျားလေးသူငယ်
ချင်းလည်း မရှိဘူးတဲ့..."
"Ot ဆင်းချိန်အိမ်ပြန်မရောက်တာလို့ပြော
တယ်..."မေရန်ငြိမ်းက တစ်စုံတစ်ခုကို သတိရသွားဟန်
ဖြင့်"လွန်ခဲ့တဲ့ ၆လ ဝန်းကျင်လောက်ကဖြစ်မယ်
ထင်တယ် အဲ့လိုပဲ မိန်းကလေးတစ်ယောက်
ပျောက်သွားဖူးတယ်...ရွှေနှင်းဆီ အထည်ချုပ်
စက်ရုံကပဲ...
အဲ့မိန်းကလေးတုန်းကလည်း ဒီလိုပဲ otလွှတ်
ချိန် အိမ်ပြန်မရောက်တာပဲ....
သက်ဆိုင်ရာကို အိမ်ကတိုင်ခဲ့ပေမယ့် အခု
အချိန်အထိ ရှာလို့မတွေ့တော့ပါဘူး...
အဲ့ဒီ့ရွှေနှင်းဆီ အထည်ချုပ်က ကောင်မလေး
ကလည်း အခုကောင်မလေးလိုပဲ ရည်းစားမရှိဘူး
အသက်က ၁၉ နှစ်..."" နောက်တစ်ခု လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်က
လည်းအဲ့လိုပဲ ဘဏ်ဝန်ထမ်းမိန်းကလေးတစ်
ယောက် အိမ်ပြန်မရောက်တာမျိုးဖြစ်ခဲ့ဖူးတယ်...
အဲ့ဒီ့ မိန်းကလေးကလည်း ရည်းစားကိစ္စ
ကင်းရှင်းတဲ့ မိန်းကလေးပဲတဲ့.... သူလည်း သူ့အိမ်
ကလူပျောက်တိုင်ခဲ့တာပါပဲ....အခုထိ ရှာမရခဲ့
ဘူး..."
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇