အပိုင်း ၁၁

42 2 0
                                    

ကယ်တင်ရှင်သေမင်း
  အပိုင်း(၁၁)

     ရှိုင်းနေနှင့် မေရန်ငြိမ်း အသိတစ်ယောက်၏
အိမ်တက်မင်္ဂလာသို့သွားရောက်ခဲ့ကြပြီးပြန်
လာခဲ့ကြသည်။ သိပ်လည်းမဝေးသည်မို့
ကားယူမလာဘဲ ရှိုင်းနေက ပေါ့ပေါ့ပါးပါး ဆိုင်
ကယ်သာ ယူလာခဲ့သည်။

     ဦးသီဟနှင့် ဒေဝီ စီရင်ပေးထားသော လက်ဖွဲ့
အင်းပြားနှင့် ချည်မန်းကြိုးများအားကိုးဖြင့်
အနက်ရောင်မိစ္ဆာရန်ကို အံတုကာ နေခဲ့ကြသည်
ရက်အတော်ကြာပြီဖြစ်သော်လည်း မိစ္ဆာပြန်
လည် ပေါ်ပေါက်လာခြင်းမရှိတော့သဖြင့်
ရှိုင်းနေရော မေရန်ငြိမ်းပါ ပျော်နေမိကြသည်။

     လူသူရှင်းသော ရပ်ကွက်တစ်ခု၏အလွန်၌
ရုတ်တရက် သူတို့ဆိုင်ကယ်အရှေ့သို့ ကားတစ်
စီးက ရုတ်တရက် ကန့်လန့်ဖြတ်ပိတ်ရပ်လိုက်
သဖြင့် ရှိုင်းနေ ဆိုင်ကယ်ကို ဘရိတ်အမြန်
အုပ်လိုက်ရင်း ဘီးများကိုကန့်လန့်အနေအထား
စောင်းလိုက်ရသည်။

    ဝေါ!....

     "ဟာ!..."

     ကျွီ!...

     "အား!!..."

     မေရန်ငြိမ်းက ရှိုင်းနေခါးကို ကျစ်ကျစ်ပါ
အောင်ဖက်ထားလိုက်ရင်း အလန့်တကြား
အော်လိုက်မိသည်။ ရှိုင်းနေ ဒေါသတကြီးဖြင့်
ဆိုင်ကယ်ပေါ်မှ ဆင်းလိုက်ကာ ကားသမားရှိရာ
သွားလိုက်ရင်း ကားတံခါးကိုခပ်ပြင်းပြင်းထု
လိုက်ရင်း

     ဒုန်း!!....

    "ဟေ့ကောင်! ကားကိုဘယ်လိုမောင်းနေတာ
စည်းမရှိကမ်းမရှိကောင် ဆင်းခဲ့စမ်း အခု.."

     ကားတံခါးက ပွင့်မလာသဖြင့် ရှိုင်းနေ
ဒေါသပိုထွက်လာပြီး တံခါးကိုနောက်တစ်
ကြိမ် ထိုးရန်လက်ရွယ်လိုက်စဉ်မှာပင်

     "ရှိုင်းနေ!..."

     မေရန်ငြိမ်း၏ အထိတ်တလန့်ခေါ်သံကြောင့်
ရှိုင်းနေလှည့်ကြည့်လိုက်မိသည်။

     "ဟင်..."

     သားရည်မျက်နှာဖုံးနှင့် လူတစ်ယောက်က
မေရန်ငြိမ်း၏လည်တိုင်အား ဓားဖြင့်ထောက်
ထားသည်ကို တွေ့လိုက်ရသည်။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Donde viven las historias. Descúbrelo ahora