15 0 0
                                    

အသက်ခြွေကုတင်
                        အပိုင်း(၈)

     ဦးသီဟက သက်ပြင်းချလိုက်ပြန်ရင်း

     "မင်းနဲ့ သမီးငြိမ်း အဲ့ဒီ့ကုတင်ကြီးမှာ
အိပ်ကြပါပြီတဲ့... မတော်တဆ တစ်ယောက်
ယောက် တစ်ခုခုဖြစ်သွားခဲ့ရင်...ငါမင်းတို့
မိဘတွေကို ဘယ်လိုပြန်ပြောရမလဲ...
     ငါရှိနေရက်နဲ့ သူတို့ကလေးကို သေစေခဲ့
တယ်ဆိုရင် ငါသူတို့မျက်နှာကို တစ်သက်လုံး
ကြည့်ရဲမှာ မဟုတ်တော့ဘူး..."

     မေရန်ငြိမ်းက ဦးသီဟကိုကြည့်ရင်း

     "ဒီကိစ္စက သမီးနဲ့ရှိုင်းနေ... ကိုယ့်သဘော
နဲ့ လုပ်ကြမှာပါ ဦးလေး.... သမီးတို့နှစ်ယောက်
ထဲက တစ်ယောက်ယောက်သေခဲ့ရင်တောင်
ဦးလေးကို သမီးရဲ့မိဘတွေနဲ့ ရှိုင်းနေရဲ့မိဘ
တွေ အပြစ်မတင်စေရပါဘူး....
     ပြီးတော့... သမီးတို့အိပ်ပျော်နေချိန်မှာ
ဦးလေးရော ၊ညီမလေးရော၊ဇာမဏီရော
အတူတူစောင့်ကြည့်နေကြမှာပဲဟာ...
သမီးတို့ အားမငယ်ပါဘူး...
     အများအတွက် စွန့်စားနေကျဖြစ်တဲ့ သမီး
တို့ရဲ့နှလုံးသားတွေက အကျင့်ပါနေပြီ...
အများကောင်းဖို့ လိုအပ်တဲ့အခါ စွန့်စား
ရင်းသေရရင်လည်း အသေမြတ်ပါတယ်
ဦးလေး..."

     ကျွန်တော်နှင့် ဒေဝီလည်း တက်ကြွနေကြ
သော ရှိုင်းနေနှင့် မေရန်ငြိမ်းကို မည်သို့
အကြံပေးရမှန်းမသိ ဖြစ်နေမိကြသည်။
     သူတို့၂ယောက်သည် မိစ္ဆာများနှင့် ထိတွေ့
တိုက်ခိုက်ဖူးကြသူများဖြစ်သော်လည်း ယခု
ကျွန်တော်နှင့်ဒေဝီမပါဘဲ ၂ယောက်တည်း
သီးသန့် မိစ္ဆာတစ်ကောင်၏သီးခြားကမ္ဘာကို
သွားရောက်စွန့်စားမည်ဟူသောကိစ္စကို
ကျွန်တော်စိတ်မချမိသည်ကတော့အမှန်ပင်။
     ဒေဝီလည်း ကျွန်တော့်လိုပင်တွေးနေဟန်
ရှိပြီး  ရှိုင်းနေနှင့် မေရန်ငြိမ်းကို ကြောင့်ကြမှု
မကင်းသော မျက်ဝန်းလေးဖြင့်ကြည့်၍နေ
၏။

     ဦးသီဟအချိန်အတန်ကြာစဥ်းစားနေပြီး
မည်သည့်စကားမှ မဆိုဘဲ တိတ်ဆိတ်နေ
ပြီးမှ

     "ကောင်းပြီလေ... သမီးငြိမ်းရော...ရှိုင်းနေ
ရောနှစ်ယောက်စလုံးက ဒီလောက်တက်ကြွ
နေမှတော့ စွန့်စားကြည့်ကြပေါ့...
     ဘာပဲဖြစ်ဖြစ်မင်းတို့ရဲ့စွန့်စားမှုတွေက
အမြဲလိုလိုတော့အကျိုးရှိခဲ့တာပါပဲ..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now