အမှောင်ကမ္ဘာရဲ့အလင်းရှင် အပိုင်း ၁

60 4 0
                                    


အမှောင်ကမ္ဘာရဲ့ အလင်းရှင်

                        အပိုင်း(၁)

     နံနက်လင်းရောင်ခြည်သည် ကြည်လင်နေ
သော ကောင်းကင်၏ပံ့ပိုးမှုကြောင့် တောက်ပ
စွာရှိနေ၏။
      ရာသီဥတုနှင့်ဆန့်ကျင်ဘက် သုန်မှုန်နေသော
မျက်နှာထားဖြင့် မိုးသက်ထန် အိပ်ခန်းရှိရာ
အပေါ်ထပ်မှ လှေကားအတိုင်းဆင်းလာခဲ့သည်။
     အပြုံးအရယ် နည်းလွန်းလှပြီး အမြဲလိုလို
မာကြောနေသော မိုးသက်ထန်၏မျက်နှာက
အလိုမကျမှုတို့သာ အမြဲကြီးစိုးနေကြောင်း
ဖော်ပြလျှက်ရှိသည်။

       ထုံးစံအတိုင်းအိမ်စေတို့၏ ခေါင်းဆောင်
ပိုးအိမ်က မိုးသက်ထန်ကိုပြုံးပြရင်းမေးလိုက်
၏။

      "အကိုလေးပြောထားတဲ့အတိုင်း မနက်စာ
ရွှေတောင်ခေါက်ဆွဲ ပြင်ထားပြီးပါပြီ..."

       မိုးသက်ထန်က စားပွဲတွင်ဝင်ထိုင်လိုက်
ရင်း မျက်မှောင်ကျုံ့၍ ခေါက်ဆွဲပန်းကန်
နှင့် အသားပေါင်းပန်းကန်များကိုကြည့်ရင်း

       "ငါ ဒါ မစားချင်တော့ဘူး... ဒိုးနက်နဲ့
ကော်ဖီပဲ ပြင်ပေး... အမြန်ဆုံးလုပ်နော်..."

       စိတ်အပြောင်းအလဲမြန်တက်သော
မိုးသက်ထန်အကြောင်းကို နောကြေပြီးသား
ဖြစ်သည်မို့ ပိုးအိမ် ပြုံး၍ခေါင်းညိမ့်လိုက်ရင်း

      "ဟုတ်ကဲ့ အကိုလေး ခဏလေးပဲစောင့်
ပါ..."

      ၁မိနစ်ခန့်လောက်သာကြာသည်။ နှပ်ပြီး
သားအကောင်းစားကော်ဖီခရားနှင့် တန်ဖိုးကြီး
ဒိုးနက်ပန်းကန်များစားပွဲသို့ရောက်လာတော့
သည်။ အိမ်စေမိန်းကလေး ၄ ယောက်က
ကော်ဖီခရားနှင့် ကြွေခွက်များ၊ မုန့်ပန်းကန်
များကို အမြန်ယူလာကာ မိုးသက်ထန် အရှေ့
စားပွဲတွင် သေသပ်စွာပြင်ဆင်ပေးလိုက်၏။

        မိုးသက်ထန်က ဒိုးနက်တစ်ခုကို ယူ၍
တစ်ကိုက်ကိုက်လိုက်ရင်း အရှေ့ရှိ LED
TV မှ သတင်းကိုကြည့်နေရင်း ကော်ဖီ
ကြွေခွက်ကိုင်းကို ညာလက်ဖြင့်လှမ်းကိုင်
လိုက်၏။

      အလိုက်သိရမည်ဖြစ်သော အခြေအနေကို
ရိပ်စားမိသဖြင့် မိုးသက်ထန်နှင့်အနီးဆုံး
အိမ်စေမလေးက ကော်ဖီခရားလေးကိုကိုင်
ကာ သူ၏အရှေ့ရှိ ကော်ဖီကြွေခွက်လှလှ
လေးထဲသို့ ငှဲ့ထည့်ပေးလိုက်၏။
      ထိုမိန်းကလေးက ကော်ဖီငှဲ့နေရင်း
ယောကျ်ားလေးတန်မဲ့ စိုပြေလွန်းသော
အသားအရည်နှင့် ပြေပြစ်လှသော မိုးသက်
ထန်၏မျက်နှာကို ပြုံး၍ငေးနေမိသည်။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now