အပိုင်း ၄

61 5 0
                                    

ကယ်တင်ရှင် သေမင်း
အပိုင်း(၄)

      ညဉ့်နက်နေပြီဖြစ်သော်လည်း ပိုးချယ်ရီအိပ်
မပျော်နိုင်သေးပါ။ ကော်ဖီသောက်ထားမိ၍ မျက်
လုံးကြောင်နေ၏။ အိပ်မပျော်လျှင်ပြုလုပ်နေကျ
သူမ၏အကျင့်အတိုင်း ခေါင်းရင်းတွင် အသင့်ရှိနေ
သော စိတ်ပုတီးလေးကို ညာလက်ဖြင့်လှမ်းယူလိုက်
ကာ ပုတီးစိတ်ရင်း လသာဆောင်ဘက်သို့တက်လာ
ခဲ့သည်။

      နောက်နေ့၌ သူမ၏မွေးနေ့ဖြစ်သည်မို့ သူမ၏
ဖခင်နှင့်အတူ မိဘမဲ့ကျောင်းသို့ စားစရာမုန့်များ
နှင့် အသုံးအဆောင်ပစ္စည်းလေးများ လှူဒါန်းရန်သွား
ကြမည်ဖြစ်သည်။

      ဖခင်ဖြစ်သူ ဦးမင်းအောင်လည်း မအိပ်သေးဘဲ
လသာဆောင်၌သာရှိနေသေး၍ သူမပြုံးပြလိုက်ရင်း

     " ဖေဖေ မအိပ်သေးဘူးလား..."

     "အခုပဲအိပ်တော့မလို့သမီးရဲ့ ညသန်းခေါင်
တောင်ကျော်ပြီဆိုတော့ အိပ်သင့်ပြီသမီးရဲ့ သမီး
လည်းအိပ်တော့လေ မနက်လည်း ၆ နာရီလောက်
တော့ထရမယ်...သမီးမွေးနေ့အတွက် မိဘမဲ့ကျောင်း
ကိုအလှူသွားလုပ်ရဦးမယ်လေ..."

     "ဟုတ်ကဲ့ဖေဖေ...သမီးအိပ်မှာပါ...ဆယ့်ငါးမိနစ်
လောက် ပုတီးစိတ်လိုက်ဦးမယ်...လသာဆောင်
လေးကနေရတာ စိတ်လည်းပေါ့ပါးလို့ပါ..."

     ဦးမင်းအောင်က ပြုံး၍ခေါင်းညိမ့်လိုက်ရင်း...

     " အေး...အေး...ဒါဆို ဆယ့်ငါးမိနစ်လောက်
နေရင် အိပ်တော့နော်... "

      "ဟုတ်ကဲ့ ဖေဖေ..."

      ဦးမင်းအောင်က သူ၏အိပ်ခန်းသို့ပြန်သွားပြီ
ဖြစ်ပြီး ပိုးချယ်ရီကတော့ စိတ်ပုတီးလေးကို တစ်လုံး
ချင်းချကာ စိတ်နေရင်း လမ်းမီးရောင်များလင်းထိန်
နေသော အိမ်ရှေ့လမ်းမကြီးကိုငေးနေမိသည်။

     ၁၅ မိနစ်ခန့်လောက်အကြာတွင် ပုတီးစိတ်ခြင်း
ကို လက်စသတ်လိုက်ပြီး သူမ၏အိပ်ခန်းသို့သွား
ရန်ခြေလှမ်းပြင်လိုက်သည်။

     """မင်းကို ငါပိုင်တယ်...."""

       "ဟင်..."

    ပိုးချယ်ရီ ပီပီသသကြားလိုက်ရသော အသံတစ်ခု
ကြောင့် ဇဝေဇဝါဖြစ်သွားမိသည်။ ဘေးဘီ၊ဝဲယာ
သို့ အကဲခတ်စူးစမ်းကြည့်သော်လည်း ထူးခြားသည့်
အရိပ်အယောင်ဘာတစ်ခုမှမမြင်တွေ့ရပါ။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now